စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာကို ဈေးထွက်ဝယ်သည့် စစ်သား ၁ ဦး ဖမ်းဆီးခံရပြီး ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာကို ဈေးထွက်ဝယ်သည့် စစ်သား ၁ ဦး ဖမ်းဆီးခံရပြီး ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း ဆားတောင်မြို့ပြ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုရွာမှ ဆားတောင်ရွာကို ဈေးဝယ်ထွက်လာသည့် တပ်ကြပ် အဆင့်ရှိသူ ထွန်းထွန်းဝင်းကို တော်လှန်ရေးရဲဘော်များက ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမှုများ ပြုလုပ်နေစဥ် ထွက်ပြေးသောကြောင့် တော်လှန်ရေး ရဲဘော်များက ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း သိရသည်။

“သူက စျေးဝယ်ထွက်လာတာပါ။ စျေးဝယ်ထွက်လာတာကို အမိငိုက်စောင့်ဖမ်းလိုက်တာပါဗျ။ တပ်ကြပ်ကြီးပါ ၃၃ တပ်က ညောင်ငုတ်တိုမှာ နေတာပါ။ CDM လုပ်မယ် ပြောပြီးမှ ထွက်ပြေးတာ” ဟု ဆားတောင်မြို့ပြ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ညောင်ငုတ်တိုရွာ၌ အကြမ်းဖက် စစ်သား ၅၀ ခန့်ရှိပြီး မကြာခဏဆိုသလို ဆားတောင်ရွာကို ဈေးဝယ်ထွက်လေ့ရှိကြောင်း ဆားတောင်မြို့ပြ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *