ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ပျူစောထီး ၆၀ ဦး အရှင်ဖမ်းမိကာ စစ်သုံ့ပန်း မူဝါဒများနှင့် အညီ ဖမ်းဆီး ထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ပျူစောထီး ၆၀ ဦး အရှင်ဖမ်းမိကာ စစ်သုံ့ပန်း မူဝါဒများနှင့် အညီ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း (MDF – Shwebo) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ရွှေဘိုမြို့နယ် မြင်းချင်းပျူရွာကို ရွှေဘိုခရိုင်အမှတ် – ၂၆ တပ်ရင်း (MDF – Shwebo)၊ ရွှေဘိုခရိုင်အမှတ် – ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ် – ၁၇ တပ်ရင်းနှင့် ရွှေဘိုခရိုင် အမှတ် – ၁၈ တပ်ရင်းတို့က ပူးပေါင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နယ်မြေ ပကဖများက အကြမ်းဖက် စစ်တပ် ထောက်ပို့ လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ရေး တာဝန်ယူကာ ပူးပေါင်းပါဝင်ပေးခဲ့ကြောင်း သိရသည်။

မြင်းချင်းရွာကို ဝင်ရောက် တိုက်ခိုက်မှုအတွင်း ရဲများနှင့် ပျူစောထီးများ ပူးပေါင်းကာ တပ်စွဲထားသော ကင်း ၂ ကင်းနှင့် ဘန်ကာကို တိုက်ပွဲချိန် ၁ နာရီခန့်အကြာတွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ စစ်စခန်းချ နေထိုင်လျက်ရှိသော စာသင်ကျောင်းကို ယင်းနေ့ နံနက် ၅ နာရီခန့်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အလံတော်ကို လွှင့်ထူနိုင်ခဲ့ကြောင်း၊ ယင်း ထိတွေ့ တိုက်ပွဲအတွင်း ဇီးကုန်း ပျူစောထီးရွာမှလည်း ၈၁ မမ ၈ ချက်နှင့် RPG ၂ ချက် ပစ်ကူပေးခဲ့​ကြောင်း သိရှိရသည်။

အဆိုပါ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ရဲ ၁ ဦးနှင့် ပျူစောထီးလက်နက်ကိုင် ၂ ဦးသေဆုံးခဲ့ပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်သုံ့ပန်း ပျူစောထီး ကျား ၂၉ ဦးနှင့် မ ၃၁ ဦးတို့ကို စစ်သုံ့ပန်း မူဝါဒနှင့်အညီ ထိန်းသိမ်းထားပြီး အတင်းအဓမ္မ ပျူစောထီးအဖြစ် စုဆောင်းခံရသူများနှင့် အရပ်သားပြည်သူများကို စနစ်တကျ စိစစ် ခွဲခြား၍ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း (MDF – Shwebo) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စခန်းသိမ်း တို_က်ပွဲ သတင်း ထုတ်ပြန်ခြင်း

ရက်စွဲ – ၂၄၊ ၁၂၊ ၂၀၂၃။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်၊ တနင်္ဂနွေနေ့ နံနက် (၃) နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြင်းချင်းပျူရွာကို ရွှေဘိုခရိုင်အမှတ် – ၂၆ တပ်ရင်း (MDF – Shwebo)၊ ရွှေဘိုခရိုင်အမှတ် – ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ် – ၁၇ တပ်ရင်းနှင့် ရွှေဘိုခရိုင် အမှတ် – ၁၈ တပ်ရင်းတို့မှ ပူးပေါင်းထိုးစစ်ဆင် တို_က်ခိုက်ခဲ့ပြီး နယ်မြေခံ M.C၊ ဗိုလ်မဟာ၊ ဒေါင်းမင်း၊ ဒေါင်းမာန် ပကဖများမှ စကစထောက်ပို့လမ်းကြောင်းအား ပိတ်ဆို့ဖြတ်တောက်ရေးတာဝန်ယူကာ ပူးပေါင်းပါဝင်ခဲ့ပါသည်။

စကစလက်အောက်ခံရဲများနှင့် ပျူစောထီးများပူးပေါင်းကာ တပ်စွဲထားသော ကင်း (၂) ကင်းနှင့် ဘန်ကာကို တို_က်ပွဲချိန် (၁) နာရီခန့်အကြာတွင် တို_က်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စကစတပ်သားများ စ_စ်စ_ခန်းချနေထိုင်လျက်ရှိသော စာသင်ကျောင်းကို နံနက် (၅) နာရီခန့်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလံတော်ကို လွှင့်ထူနိုင်ခဲ့ပါသည်။ တို_က်ပွဲအတွင်း ဇီးကုန်းပျူရွာမှ ၈၁ မမ – ၈ ချက်ခန့်နှင့် RPG – ၂ ချက် ပ_စ်ကူပေးခဲ့ပါသည်။

အကြမ်းဖက်စကစတပ်သားများမှ ကျေးရွာနေပြည်သူများကို မတရားဖိနှိပ် ဆက်ကြေးကောက်ခြင်း၊ ပျူစောထီးလက်နက်ကိုင်အဖြစ် အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ပြည်သူများ၏တိုင်ကြားချက်အရ ကျွန််ုပတို့ ရွှေဘိုခရိုင်တပ်ရင်း (၄) ရင်းပူးပေါင်းကာ တို_က်ခို_က်အရေးယူခဲ့ခြင်း ဖြစ်ပါသည်။

ပျူရွာစခန်းသိမ်းတို_က်ပွဲအတွင်း စကစ ရဲတပ်သား (၁) ဦး၊ ပျူစောထီးလ_က်န_က်ကိုင် (၂ ) ဦးတို့အား Neutralize လုပ်နိုင်ခဲ့ပြီး၊ တစ်လုံးထိုးဂ_န်း (၉ လုံးကျည်သုံး) – ၅ လက်၊ ကာဘိုင် (၁) လက် စုစုပေါင်း လ_က်.န_က်.ငယ် (၆) လက်သိမ်းဆည်းရရှိခဲ့ပါသည်။

စစ်သုံ့ပန်းပျူစောထီး ကျား (၂၉) ဦးနှင့် မ (၃၁) ဦးတို့ကို စစ်သုံ့ပန်းမူဝါဒနဲ့အညီ ထိန်းသိမ်းထားပြီး အတင်းအဓမ္မ ပျူအဖြစ်စု ဆောင်းခံရသူများနှင့် သာမန်အရပ်သားများကို စနစ်တကျ စီစစ်ခွဲခြား၍ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။
COC နဲ့အညီ စစ်အာဏာရှင်စနစ်ကျဆုံးပြီး Federal Democracy ပြည်ထောင်စု တည်ထောင်နိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားပါမည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *