နတ်သံကွင်းမြို့ကို ဦးတည်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တောင်ငူလေယာဉ်ကွင်းနှင့် လက်ပါတ်ကျေးရွာရှိ စစ်ကောင်စီ စခန်းများကို တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ ABSDFအသိပေး

နတ်သံကွင်းမြို့ကို ဦးတည်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တောင်ငူလေယာဉ်ကွင်းနှင့် လက်ပါတ်ကျေးရွာရှိ စစ်ကောင်စီ စခန်းများကို တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ ABSDFအသိပေးဆိုပါတယ်။

ဒီဇင်ဘာ၂၆ရက်စစ်ရေးသတင်းကို ABSDFတောင်ပိုင်းကအသိပေးဖော်ပြပါတယ်။

“KNU/KNLA ၊ ABSDF ၊ PDF ပူးပေါင်းအဖွဲ့များမှ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၄း၃၀ နာရီဝန်းကျင် မှာ နတ်သံကွင်းမြို့နှင့်အတူ အခြားနေရာများကို ဝင်ရောက် စီးနင်းခဲ့ကြပါတယ် ။

KNU/KNLA မှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ABSDF ရဲဘော်များမှ မဟာမိတ်များနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်ပါတယ်”လို့ဆိုပါတယ်။

အဓိကအားဖြင့် နတ်သံကွင်းမြို့ကို ဦးတည်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တောင်ငူလေယာဉ်ကွင်းနှင့် လက်ပါတ်ကျေးရွာရှိ စစ်ကောင်စီ စခန်းများကို တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းမှ ပစ်ကူပေးနေကြောင်းသိရတယ်လို့ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *