KNLA တပ်မဟာ(၆)ကွပ်ကဲမှုအောက် တရားဝင်ကူးပြောင်းပြီဟု ဗိုလ်အယ်စေးဝါး၏ Lion Battalion ကြေညာ

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆) ကွပ်ကဲမှုအောက် တရားဝင်ကူးပြောင်းလိုက်ပြီဖြစ်ကြောင်း ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်းက ယနေ့ထုတ်ပြန်သည်။

ဗိုလ်အယ်စေးဝါး၏ စစ်ကြောင်းသည် ယခင်က ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဦးဆောင်သည့် KTLA လက်အောက်ရှိ စစ်ကြောင်းဖြစ်ပြီး နိုဝင်ဘာ ၆ ရက်မှစ၍ တပ်မဟာ(၆)၏ ကွပ်ကဲမှုအောက် ဝင်ရောက် တာဝန်ထမ်းဆောင်နေကြောင်းကို ယနေ့ (ဒီဇင်ဘာ ၂၆ရက်)တွင် ပြည်သူများကို အသိပေးခဲ့ခြင်းဖြစ်သည်။

KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စည်းမျဉ်းစည်းကမ်း ဥပဒေအောက်တွင်ပါဝင်လုပ်ဆောင်ပြီဖြစ်ကြောင်းဖော်ပြထားသည်။

ရှေ့ဆက်ဆောင်ရွက်မည့် စစ်ရေး တာဝန်များအား KNLA၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီအာဏာရှင်စနစ်ကျရှုံးရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူတကွ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် Lion စစ်ကြောင်းသည် KNLA တပ်မဟာ(၆) လက်အောက်ခံစစ်ကြောင်း ဖြစ်ကြောင်း ပြည်သူများသိရှိစေရန် အသိပေးသည်ဟု ထပ်လောင်းဖော်ပြသည်။

ဗိုလ်အယ်စေးဝါး၏ စစ်ကြောင်းသည် KTLA လက်အောက်တွင်ရှိစဉ်ကလည်း KNU တပ်မဟာ(၆)နယ်မြေတွင် KNLAတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သည့်တိုက်ပွဲများ၌ ပါဝင်လျက်ရှိနေသည့် တပ်ဖြစ်သည်။

KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၆ တပ်မဟာ၏ ကွပ်ကဲမှုအောက် ဝင်ရောက်တာဝန်ထမ်းဆောင်ကြောင်း မိဘပြည်သူများအားလုံးကိုအသိပေးအကြောင်းကြားအပ်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *