မုံရွာမြို့နယ်တွင် ဒဏ်ရာရ ရဲ ၁ ဦးကို လူနာတင်ယာဥ်ဖြင့် စစ်ဆေးရုံကို ပို့ဆောင်စဥ် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု ရဲ ၅ ဦး သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ဒဏ်ရာရ ရဲ ၁ ဦးကို လူနာတင်ယာဥ်ဖြင့် စစ်ဆေးရုံကို ပို့ဆောင်စဥ် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု ရဲ ၅ ဦး သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန်တွင် ပရဟိတကားကို ချောဆွဲပြီး သာစည်ရဲ စခန်းမှ ထွက်လာသော ဒဏ်ရာရ ရဲတစ်ဦး၊ အစောင့် စစ်သား၊ ရဲ ၄ ဦးလိုက်ပါလာသည့် ကားတစ်စီး ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရာ ရပ်တန့်ခြင်းမရှိသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ကား ပေါ်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲ ၅ ဦးစလုံးသေဆုံးသွားကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ဖမ်းဆီးမှုအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော G3 သေနတ် ၂ လက်၊ MA 13 သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း၊ ထို့အပြင် ပရဟိတ ကားသမားနှစ်ဦးကိုလည်း ဘေးကင်း လုံခြုံစွာ ကယ်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမှတ် ၂တိုက်နယ် ပကဖ ဒု တိုက် နယ်မှူး ဦးစီး၍ အမှတ် ၂ တိုက်နယ် ပကဖ၊ တောကျွဲကြီး‌ပြောက်ကျားတပ်ဖွဲ့၊ မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ – ပလဖ၊ God of Monywa ၊ Golden Eagle၊ ပုဏ္ဏက ပျောက်ကြားတပ်ဖွဲ့နှင့် မဟာမိတ်တစ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာမြို့တွင်ဒဏ်ရာရ ရဲကိုပရဟိတကားဖြင့်ဆေးရုံပို့စဥ် ​တော်လှန်​ရေးအဖွဲ့များကထပ်မံတိုက်ခိုက် ၊စစ်ကောင်စီတပ်သား ၅ သေဆုံးပြီး သေနတ် ၃ လက် ရရှိဟုဆို(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် တိုက်ခိုက်ခံရ၍ ထိခိုက်ခဲ့သည့် ရဲတစ်ဦးအား ပရဟိတကားဖြင့် ဆေးရုံပို့စဥ် ထပ်မံတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၅ သေဆုံးပြီး သေနတ် ၃ လက် ရရှိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဒီဇင်ဘာလ ၂၄ရက်နေ့ နံနက် ၁၁ နာရီ၊ ၄၅ မိနစ်ခန့်က မုံရွာမြို့နယ်အတွင်းရှိ လမ်းပိုင်းတစ်နေရာတွင် ပရဟိတကားအား‌ ချောဆွဲကာ သာစည်ရဲစခန်းမှ ထွက်လာသော ဒ‌ဏ်ရာရ ရဲ ၁ဦးနှင့်အတူ အစောင့်စစ်သားနှင့်ရဲ ၄ ဦးပါလာသော ကားအား​တော်လှန်​ရေးအဖွဲ့များက စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မရပ်ဘဲ မောင်းပြေး၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

၁ မိနစ်​ကျော်ကြာ​သောရုပ်သံမှတ်တမ်းတွင် ပစ်ခတ်သံများကြားရပြီး အရပ်ဝတ်ဖြင့်​သေဆုံး​နေ​သောအမျိုးသား ၅ ဦးနှင့် ​သေနတ် ၃ လက်နှင့်ခဲယမ်းအချို့ပုံကို​တွေ့ရသည်။

ထိုပစ်ခတ်မှုတွင် ပရဟိတကားအား မောင်းသော ပြည်သူ ၂ ဦးကို ကယ်ထုတ်ခဲ့ပြီး ကားပေါ်လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးလုံးအား ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ထို့အပြင် G3 ၂လက်နှင့် MA13 ၁လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ကားပေါ်ပါ ထိခိုက်လာသောရဲမှာ သာစည်အကျဥ်းထောင်ဝင်းအတွင်းမှ ၁၀ ဦးခန့် ထွက်လာစဥ်တိုက်ခိုက်ခံရပြီးဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ၎င်းအား ဆေးရုံပို့စဥ်ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“သာစည်အကျဉ်းထောင်ဝင်းကနေ မုံရွာအလုံစစ်ဆေးရုံကို ထိခိုက်ဒဏ်ရာ ရတဲ့ စကစ တပ်သားတွေကို ပို့ဖို့ လုပ်နေတာကို သိလို့ မြို့နယ် ပကဖ နဲ့ မြို့နယ် ပလဖကို ကြိုအကြောင်းကြားပေးလိုက်လို့ သူတို့က လမ်းပိုင်းတနေရာမှာ စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာ။”ဟု BLDF အဖွဲ့မှ ရဲဘော်ဂျွန်က ပြောသည်။

ထိုစစ်ဆင်ရေးအား မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမှတ် (၂)တိုက်နယ် ပကဖ ဒုတိုက်နယ်မှူး ဦးစီး၍ အမှတ် (၂)တိုက်နယ် ပကဖ၊ တောကျွဲကြီး‌ပြောက်ကျားတပ်ဖွဲ့၊မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ၊ God of Monywa၊ Golden Eagle၊ ပုဏ္ဏက ပြောက်ကြားတပ်ဖွဲ့ နှင့်မဟာမိတ်တစ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဥ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မုံရွာမြို့ပေါ်နှင့်စက်မှုဇုန်ဝန်းကျင်သို့ ကားများဖြင့်လှည့်လည်၍ ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *