ချောက်မြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ၁၅ ဦးသေဆုံး ၊ မြင်းမူမြို့မရဲစခန်း၊ အထက ၁ ကျောင်းရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကတိုင်ကျေးရွာနှင့် ကံပေါက်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကား ၃ စီးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Aung San’s Land Natmauk တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် ညနေ ၅ နာရီခန့်က ချောက်မြို့နယ်၊ ကတိုင်ကျေးရွာနှင့် ကံသစ်ကျေး ရွာကြားသို့ စစ်ကား ၃ စီးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၁၅ ပေခန့်အကွာမှ နေရာယူပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“ချောက်မြို့နယ်၊ ကတိုင်ကျေးရွာနဲ့ ကံသစ်ကျေးရွာအကြား မနေ့က ညနေ ၅ နာရီခွဲလောက်က ကျနော်တို့ Aung San’s Land Natmauk အဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အသင့်အနေအထားနဲ့ ၁၅ ပေအကွာကနေ စစ်ခွေး ကား ၃ စီးကို စောင့်ကြိုပစ်ခတ်ခဲ့တာ ၁၅ ဦးပွဲချင်းပြီးသေတယ်၊ ကျနော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်၊ စစ်ကြောင်းက ရွာမ၊ ကံသစ်ကုန်း၊ ကတိုင်ကျေးရွာတွေကို ကင်းလှည့်ပတ်သွားလာနေတာ၊ လက်နက်ကြီးပစ်ကူတွေ ရမ်း သမ်း ပစ်ခတ်နေတဲ့ကြားကနေ သတင်းကြိုရလို့ နေ့တဝက်လုံးစောင့်ကြိုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ တာပါ” ဟု Aung San’s Land Natmauk တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို Aung San’s Land Natmauk တပ်ဖွဲ့၊ ငါးပြေမပျောက်ကြားတပ်ဖွဲ့၊ Chauk Revolution Army(ရေနံမြေ)၊ မကွေးခရိုင်တပ်ရင်း ၂ နှင့် Chauk Guerrilla Force တပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် အထက ၁ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Generation Z Power တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၅ ရက် ညနေ ၃ နာရီ မိနစ် ၃၀ ခန့်က မြင်းမူမြို့မရဲစခန်းနှင့် အကြမ်းဖက်စစ်တပ်သား များ အထိုင်ချတပ်စွဲထားရာ မြင်းမူမြို့အထက ၁ စာသင်ကျောင်းကို Shar Htoo Waw နည်းပညာ ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay)၊ စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်း တပ်ခွဲ ၁ ၊ စစ်ကိုင်းခရိုင်အမှတ် ၇ တပ်ရင်း၊ အမှတ် ၈ တပ်ရင်း ၊ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – MMU PDF နှင့် အညာညီနောင် တပ်ပေါင်းစု (ABCF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့‌ ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *