“စိတ္တဇ လူသတ်သမား ဗိုလ်မှူးကြီး”

အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေ နေပြည်တော်၊ အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့်ကလေးဆေးရုံမှ သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်းက ဇနီးဖြစ်သူကို နှစ်ပိုင်းခုတ်ဖြတ်ကာ သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်ခဲ့တယ်။

မိသားစု ဓာတ်ပုံအရ ဆိုရင်တော့ လူသတ်သမားဖြစ်သူ ဗိုလ်မှူးကြီး ဇေယျာလင်းနဲ့ သူ့မိန်းမ ဖြစ်သူတို့ဟာ အသက်ကွာပုံလဲ ရသလို မိန်းမဖြစ်သူရဲ့ ရုပ်ရည်ကလဲ မြင်ရတဲ့ အတိုင်းပါပဲ။

ရက်ရက်စက်စက် နှစ်ပိုင်းဖြတ်ပြီး သတ်ထားတဲ့ ပုံစံအရဆိုရင် ဗိုလ်မှူးကြီး ဆိုတဲ့ ဒီလူသတ်သမားဟာ သူ့မိန်းမအပေါ်မှာ အတော်ကြီးကို အငြှိုးကြီးကြီး ဖြစ်သွားပုံပေါ်တယ်။

တကယ်တော့ စစ်တပ်ထဲမှာ လူမှုရေး ရှုပ်ထွေးမှု ပြသနာဆိုတာ အပြင်မှာထက်ကို ပိုဆိုးပါတယ်။ မိန်းမမှုနဲ့ ထောင်ကျနေတဲ့ စစ်ဗိုလ် စစ်သားဆိုတာ ထောင်ထဲမှာ ရိုတ်သတ်လို့ မကုန်ဘူး။

ဘာပဲပြောပြော စစ်တပ်ရဲ့ အရာရှိကြီး တစ်ယောက်က အပြင်မှာတောင် ဖြစ်ခဲတဲ့ စိတ္တဇဆန်ဆန် လူသတ်ပြလိုက်တာကတော့ စစ်တပ်ရဲ့ ဂုဏ်ဒြပ်ပါပဲ။

တပ်တွင်း ပရီမုဆိုးမတွေလဲ သူတို့လင်တွေက ဘယ်အချိန် ဒီလို သတ်တာ ခံရဦးမလဲ ဆိုပြီး ရင်တထိတ်ထိတ် ဖြစ်နေကြရောပေါ့။


Comments

Leave a Reply

Your email address will not be published. Required fields are marked *