နေပြည်တော်၊ အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့်ကလေးဆေးရုံမှ သား ဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်းက ဇနီးဖြစ်သူကို နှစ်ပိုင်းဖြတ်၍ သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်

နေပြည်တော်၊ အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့်ကလေးဆေးရုံမှ သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်းက ဇနီးဖြစ်သူကို နှစ်ပိုင်းဖြတ်၍ သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်မှု ဖြစ်ပွားကြောင်း စစ်ဆေးအသိုင်းအ၀ိုင်းနှင့်နီးစပ်သူတချို့က ပြောဆိုသည်။

နေပြည်တော်၊ အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့်ကလေးဆေးရုံ( ကုတင် ၃၀၀) မှ သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်းက ၎င်း၏ ဇနီးဖြစ်သူကို ခုတ်သတ်ပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့ ညချိန် နေပြည်တော် ပုဗ္ဗသီရိမြိုနယ် ဝဏ္ဏဒီပရပ် ရာဇသင်္ဃဟလမ်းမနှင့် ပိတောက်လမ်းထောင့်တွင် နှစ်ပိုင်းပြတ်နေသော ခန္ဓာကိုယ်ကို စွန့်ပစ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် စစ်တပ်နှင့်ရဲက တွေ့ရှိပြီး စုံစမ်းရာမှ ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်း၏ ဇနီးဖြစ်ကြောင်း စိစစ်တွေ့ရှိသဖြင့် စစ်မေးခဲ့ရာ ၎င်းက ဇနီးဖြစ်သူကို သတ်ဖြတ်သည်ဟု ဝန်ခံခဲ့ကြောင်း သိရှိရသည်။

“ဆေးကြောင်ပြီး သတ်တာလို့လည်းပြောတယ်။ သတ်သူက သမက၂/၃၀၀ (အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့်ကလေးဆေးရုံ/ကုတင် ၃၀၀) ပါရဂူ ဗိုလ်မှူး‌ကြီး ဇေယျာလင်း။ သူက တပ်မတော်ဆေးတက္ကသိုလ်အမှတ်စဉ် ၂ ကျောင်းဆင်း။ ဆေးကြောင်ပြီး သူ့မိန်းမကိုခုတ်သတ် မီးရထားလမ်းမှာပစ်ခဲ့တာ။ အခုတော့ ဖမ်းသွားပြီ။ သမီးလေးတစ်ဦးရှိတယ်” ဟု စစ်ဆေးအသိုင်းအ၀ိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

နေပြည်တော်တွင်နှစ်ပိုင်းပြတ်အမျိုးသမီးရုပ်အလောင်းတွေ့ပြီးနောက်ခင်ပွန်းသည်ဗိုလ်မှူးကြီးကိုဖမ်းဆီး

နေပြည်တော် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်နေသည့် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ ဗိုလ်မှူးကြီး ဇေယျာလင်းကို ရဲများက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ၂၆ရက် နံနက်ပိုင်းက ခန္ဓာကိုယ်နှစ်ပိုင်းပြတ်နေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ စစ်ဘက်ဆိုင်ရာဆရာဝန် ဗိုလ်မှူးကြီး ဇေယျာလင်းကို ရဲများကဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

သေဆုံးသူအမျိုးသမီးသည် နေပြည်တော်ရှိ အင်တာနက် နည်းပညာကုမ္မဏီတစ်ခုမှ မန်နေဂျာဖြစ်ပြီး သူ၏ရုပ်အလောင်းကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့သစ်ပတ်လမ်းနှင့် ပိတောက်လမ်းထောင့်တွင် ၂၆ရက် နံနက်ပိုင်းက ရှာတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလယ်အလတ်အစိုးရဝန်ထမ်းများကို နေရာချပေးသည့် ထိုနေရာသည် ဟိုတယ်ဇုန်နှင့် ကျည်တောင်ကန်ရွာသို့ သွားသည့် လမ်းပေါ်တွင် ရှိပြီး လူပြတ်လပ်သည့် နေရာတစ်ခုလည်း ဖြစ်သည်။

ညနေပိုင်းတွင် သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ အသက် ၅၀ အရွယ် ဗိုလ်မှူးကြီး ဇေယျာလင်းကို စစ်ကောင်စီရဲများက ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေ့ရှိသူများထံမှသိရသည်။

ဗိုလ်မှူးကြီး ဇေယျာလင်းသည် နေပြည်တော် သိုက်ချောင်းလမ်းဆုံအနီးရှိ အမှတ်(၂) တပ်မတော်သားဖွာမီးယပ်နှင့် ကလေးဆေးရုံ(ကုတင်၃၀၀)တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၎င်းကိုပုဗ္ဗသီရိမြို့နယ်ရှိရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းနှင့် စစ်တပ်ဘက်သို့ လွှဲပြောင်းပေးရန် ရှိမရှိကို မသိရသေးကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် နီးစပ်သူများကပြောသည်။

“ခါးကနေပြီးတော့ လှီးပြီးသတ်ထားတာ၊ အလောင်းတွေ့တဲ့နေရာမှာ သွေးမရှိဘူး။ အိမ်မှာ သတ်ပြီးတော့ အလောင်းကို လာစွန့်ထားတာ သေချာတယ်။ အနားကလည်းညီနေတော့ ဓားနဲ့ လှီးသတ်တာလို့တော့ ယူဆလို့ရတယ်” ဟုဗုဗ္ဗသီရိမြို့နယ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါအမှုအတွက် စစ်ကောင်စီနှင့် ရဲဘက်က အသံတိတ်နေပြီး တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးပါ။

ဓာတ်ပုံ- နေပြည်တော်တွင် ယနေ့ နှစ်ပိုင်းဖြတ်၍ သတ်ဖြတ်ခံရပြီး စွန့်ပစ်ခံထားရသော ဆရာဝန် ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်း၏ ဇနီးသည် ရုပ်အလောင်းအပိုင်းအစ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *