မန္တလေးတွင် မဟာအောင်မြေ အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်

မန္တလေးမြို့တွင် ယနေ့ ညပိုင်း မဟာအောင်မြေ အရှေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Mandalay UG Wolf ARMY မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီ ၅၅ မိနစ်အချိန် မန္တလေးမြို့ ၊ လမ်း ၈၀ ၊ ၄၀×၄၁ လမ်းရှိ မန်းသုခရတနာ ကဖေးဘေးရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မန္တလေး ၈၁ လမ်း၊ လမ်း ၄၀ ထောင့် မီးသတ်ရုံးနားက မဟာအောင်မြေအရှေ့ရပ်ကွက်ရုံးကို ဗုံးခွဲတိုက်ခိုက်ပါတယ်” ဟု Mandalay UG Wolf ARMY မှ တာဝန်ရှိသူက ရှင်းပြသည်။

ယင်းနောက် ယနေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင်လည်း ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *