ကဝမြို့နယ်တွင် ရွာတော်ရှင် နတ်ကနားပွဲ လုံခြုံရေးယူနေသည့် သရက်ကုန်းရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး၊ တောင်သာမြို့နယ်တွင်လည်း ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် ရွာတော်ရှင် နတ်ကနားပွဲ လုံခြုံရေးယူနေသည့် သရက်ကုန်းရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကဝမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်က ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီ၏ အကြီးစားထောက်တိုင် ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဘိုမြင့် သည် သရက်ကုန်းကျေးရွာ ရွာတော်ရှင် နတ်ကနားပွဲ၌ လုံခြုံရေးယူနေစဉ် ကဝမြို့နယ် ပကဖ တပ်ဖွဲ့ ဝင်များက သပြေညိုစစ်ဆင်ရေးအဖြစ် သေနတ်ဖြင့် ၂ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။

သေဆုံးသွားသော ဘိုမြင့်အလာင်းကို သရက်ကုန်းတိုက်နယ် ဆေးရုံမှ တဆင့် ၎င်း၏ နေအိမ်ကို ထော်လာဂျီဖြင့် သယ်ဆောင်သွားကြောင်း၊ ဘိုမြင့်သေဆုံးပြီးနောက် အကြမ်းဖက်စစ်တပ် လက်အောက်ခံဘိုမြင့်၏ တပည့်ပျူစောထီးများက သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“လက်နက်တော့ မသိမ်းနိုင်ခဲ့ဘူး၊ သူတို့ဘက် ပြန်ပစ်တာတော့ ရှိတယ်၊ ပြည်သူတွေရှိနေလို့ အပြန် အလှန် မပစ်ခဲ့ပဲ ပြန်ဆုတ်လာခဲ့တာ၊ ဒီနေ့မနက်တော့ ရွာထဲကို စစ်ခွေး၊ ရဲခွေး၊ ပျူ အင်အား ၃၀ လောက် သက္ကလမြို့ကနေ သရက်ကုန်းရွာကို ဆင်းလာပြီး ရွာပတ်လည်က အိမ်တွေ၊ တဲတွေကို ရှာနေတယ်” ဟု ကဝမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဘိုမြင့်သည် အကြမ်းဖက် စစ်ကောင်စီ‌၏ အကြီးစားထောက်တိုင် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ပျူစောထီး သင်တန်းတက်ရောက်၍ သေနတ်ထုတ်ယူထားကာ ပျူစောထီးခေါင်းဆောင်အဖြစ်ခံယူပြီး ပြည်သူကို နည်းလမ်းအမျိုးမျိုးဖြင့် ဒုက္ခ‌ပေးနေသူဖြစ်ကြောင်း၊ ထို့ပြင် ၎င်း၏ နောက်လိုက် ပျူစောထီးများ၊ အနီးအနား ရွာများမှ ပျူစောထီးများ၊ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက်ထောင်ချခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ လက်နက်ကိုင် ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ယူခြင်း၊ အပြစ်မဲ့ပြည်သူနေအိမ်များကို ချိတ်ပိတ်ခြင်း၊ စစ် ကောင်စီတပ်ဖွဲဝင်များကို ၎င်း၏ အိမ်တွင် ခေါ်ယူ၍ စခန်းချခြင်း၊ စစ်ဆေးဂိတ်ဖွင့်ခြင်း၊ သေနတ်ပစ် ဖောက်ကင်းလှည့်ခြင်း၊ လူငယ်၊ လူရွယ်များကို အတင်းအဓမ္မစုဆောင်း၍ ပျူစောထီးသင် တန်းတက် စေခြင်း စသည့် ပြစ်မှုများ ကျူးလွန်လျက်ရှိသူဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်၍ အလင်းဝင်ကြရန် သတိပေးထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထန်းပင်ကန်းကျေးရွာ အုပ်စု၊ ကျောက်မြေကျေးရွာနေ စစ်ကောင် စီထောက်တိုင် ပျူစောထီး ဟန်ဝင်းအောင်(ခ)လက်ကောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

ဒီဇင်ဘာလ ၂၅ ရက် ညနေ ၆ နာရီခန့်က တောင်သာမြို့နယ်၊ ကျောက်မြေကျေးရွာနေ ကျေးရွာ စာ ရေး၊ ပျူစောထီး ဟန်ဝင်းအောင်(ခ)လက်ကောက်သည် ကျေးရွာအတွင်းမှ ၎င်းပိုင် ကြက်သွန်စိုက် ခင်းသို့ သွားရောက်ပြီး ပြန်လာစဉ် ကန္တာရတောစပ်တနေရာအရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံး သွားပြီး ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သူကဟိုးအရင်ကတည်းက ရွာစာရေးလုပ်နေတာ၊ ပျူပေါ့၊ သူ့အရင် အုပ်ကြီးနဲ့ ပျူနှစ်ယောက်တော့ ကားနဲ့ အပစ်ခံရလိုက်ရတာ၊ သေသွားပြီ၊ အဲဒါသေပြီးတော့ လက်နက်တွေ ပြန်သိမ်းသွားတာ၊ သူက အပြင်မထွက်ရဲဘူး၊ အိမ်ထဲမှာပဲ ပုန်းနေတာ၊ အခုက ရွာရဲ့အရှေ့ဘက်မှာရှိတဲ့ သူ့ကြက်သွန်ခင်းကို သွားကြည့်ပြီး ပြန်လာတာ၊ လက်ကောက်လို့ ဒီအနီးအနားပတ်ဝန်းကျင်မှာ နားမည်ကြီးတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

ကျောက်မြေကျေးရွာစာရေး ဟန်ဝင်းအောင်(ခ)လက်ကောက် ရုပ်အလောင်းကို ဇဂျမ်းရဲစခန်းမှ ရဲများလာရောက်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့က သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *