နမ္မတူမြို့သိမ်းတိုက်ပွဲမှ TNLA က လက်နက်ခဲယမ်း အများအပြား ထပ်မံသိမ်းဆည်းရရှိပြန်

နမ္မတူမြို့ရှိ စစ်ကောင်စီ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLAကတိုက်ခိုက်သိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ သတင်းဓါတ်ပုံကို ယမန်နေ့ (၂၈.၁၂.၂၀၂၃) ည​နေတွင်ထုတ်ပြန်လိုက်သည်။

နမ္မတူမြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်ကြာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်(၁း၃၀)နာရီ အချိန်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများအား အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု​ဖော်ပြထားသည်။ TNLAက စစ်ကောင်စီတပ်ထံမှ ​ဟောင်ဝစ်ဇာ ၂ လက်အပါအဝင် လက်နက်မျိုးစုံ ၊ခဲယမ်းအများအပြားသိမ်းဆည်းရရှိပြီး သတင်းဓါတ်ပုံများကို ထုတ်ပြန်သည်။

TNLA က ဒီဇင်ဘာ လအတွင်း မိုင်လုံ၊ နမ့်ဆန် ၊နမ့်ခမ်း ၊မိုင်းတုံ နှင့် နမ္မတူမြို့များကို ဆက်တိုက်သိမ်းယူခဲ့ပြီး မိုင်းတုံမြို့သိမ်းပိုက်ခဲ့စဥ်ကလည်း လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ပြီး ​များလွန်း၍ရေတွက်ရန်ပင်အခက်အခဲရှိခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *