မရမ်းကုန်းမြို့နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် မော်တော်ပီကယ်ရုံးကိုမြို့ပြ​ပြောက်ကျားအဖွဲ့ ဗုံးခွဲတိုက်ခိုက်

မရမ်းကုန်းမြို့နယ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးနှင့် မော်တော်ပီကယ်ရုံး ကို ဗုံးခွဲ တိုက်ခိုက်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စက်မှုဝန်ကြီးဌာနလက် အောက်ခံ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ၎င်း ရုံးရှေ့ရှိ မော်တော်ပီကယ်ရုံးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force- FLA ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ အချိန်ခန့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အမြဲ တမ်းနေထိုင်သော မရမ်းကုန်းမြို့နယ်၊ စက်မှုဝန်ကြီးဌာနလက်အောက်ခံ၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးနှင့် ၎င်းအရှေ့ရှိ စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်လေ့ရှိသော မော် တော်ပီကယ်ရုံးတို့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အသေးစိတ်အခြေကို မသိရှိရသေးပေ။

အဆိုပါတိုက်ခိုက်မှုကို Freeland Attack Force- FLA ၊ Anonymous Fighters Force- AFF နှင့် Emerald Girls Army- EGA တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မြို့ပြ ပျောက်ကြားတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ပြပြောက်ကျား အင်အားစုအနေဖြင့် ရန်ကုန်မြို့ပြကို အကြမ်းဖက် စစ်ကောင်စီမှ လုံးဝ အုပ်ချုပ်၍ မရစေစေရန် အစွမ်းကုန် တွန်းလှန် ခုခံနေမည်ဖြစ်ပြီး ရန်ကုန်မြို့ပြတွင် အများပြည်သူ လူထု နှင့်အတူ လျှို့ဝှက်စွာ ရှိနေမည်ဖြစ်ကြောင်း အသိပေးထားသည်။

ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ်ရှိ စစ်​ကောင်စီ၏ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် မော်တော်ပီကယ်ရုံးတို့အား ယနေ့ ညပိုင်း၌ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force- FLA အဖွဲ့က အသိပေးထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ ၂၈) ည ၇ နာရီခွဲဝန်းကျင်တွင် မရမ်းကုန်းမြို့နယ် စက်မှုဝန်ကြီးဌာနလက်အောက်ရှိစစ်ကောင်စီတပ်သားများရှိနေသော စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန နှင့် ၎င်းအရှေ့ရှိ စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်လေ့ရှိသော မော်တော်ပီကယ်ရုံးတို့အား မိုင်းများ အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း FLA အဖွဲ့က အသိ​ပေးသည်။

“ည ၇ နာရီခွဲလောက်က ကျိုက်ဝိုင်းဘုရားဘက်မှာ ဗုံးပေါက်သံတွေ ကြားလိုက်ရတယ်။ အသံက ၂ ခါလောက်ရှိမယ် ထင်တယ်။ မင်းဓမ္မလမ်းနဲ့ ကျိုက်ဝိုင်းဘုရားလမ်းထောင့်က မော်တော်ပီကယ်ရုံးနားမှာ ပေါက်တာလို့တော့ သိရတယ်။ လူထိခိုက်မှု ရှိ မရှိ မသိရသေးပါဘူး” ဟု မရမ်းကုန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မင်းဓမ္မလမ်း၊ ကျိုက်ဝိုင်းဘုရားနှင့် သမိုင်းလမ်းဆုံအနီးတို့တွင် စစ်ကောင်စီက လမ်းများပိတ်ဆို့၌ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရပ်ကွက်နေပြည်များက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Freeland Attack Force- FLA ၊ Anonymous Fighters Force- AFF နှင့် Emerald GirlsArmy- EGA တို့ကပူး​ပေါင်း၍ စစ်ဆင်​ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။

တိုက်ခိုက်မှုတွင် ပျက်စီးထိခိုက်မှုအခြေအနေအား မသိရှိရသေးသော်လည်း ရဲဘော်များအနေဖြင့် ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA အဖွဲ့က ဆိုသည်။

ရန်ကုန်မြို့အား စစ်ကောင်စီက လုံးဝ အုပ်ချုပ်၍ မရစေရန်အတွက် အစွမ်းကုန် တွန်းလှန် ခုခံနေမည်ဖြစ်ပြီး ရန်ကုန်မြို့ပြတွင် အများပြည်သူလူထုနှင့်အတူ လျှို့ဝှက်စွာ ရှိနေမည် ဖြစ်ကြောင်း ယင်းအဖွဲ့က အသိ​ပေးထားသည်။

ထို့အပြင် ယနေ့ညပိုင်း၌ ရန်ကုန်မြို့ လှိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

သတင်းထုတ်ပြန်ချက်

၂၀၂၃၊ ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၇နာရီ မိနစ် ၂၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများရှိနေသော စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန နှင့်၎င်းအရှေ့ရှိ စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်လေ့ရှိ့သော မော်တော်ပီကယ်ရုံးတို့အား ကျွန်တော်တို့ Freeland Attack Force- FLA ၊ Anonymous Fighters Force- AFF နှင့် Emerald GirlsArmy- EGA တို့မှ မိုင်းများ အသုံးပြု၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ပျက်ဆီး ထိခိုက်မှုအခြေအနေအား အသေးစိတ်မသိရှိရသေးသော်လည်း ရဲဘော်များ အနေဖြင့် ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်။

ကျွန်တော်တို့အင်အားစုအနေဖြင့် ရန်ကုန်မြို့ပြအား အကြမ်းဖက် စစ်ကောင်စီမှ လုံးဝ အုပ်ချုပ်၍ မရစေဖို့ရန် အစွမ်းကုန် တွန်းလှန် ခုခံနေမည်ဖြစ်ပြီး ရန်ကုန်မြို့ပြတွင် အများပြည်သူလူထုနှင့်အတူ လျှို့ဝှက်စွာ ရှိနေမည်ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *