ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံး ၊ ရွှေဘို မြို့နယ်ရှိ ပျူရွာ ၅ ရွာကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ် ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင်တပ်ရင်း အမှတ် ၃၅၀၁ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၅ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာအတွင်းသို့ ဝင် ရောက်လာသော အင်အား ၁၁၅ ဦးပါ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ လက်ဦးမှု ရယူပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ထိုသို့ တိုက်ခိုက်ခံရသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုများစွာ ဆုတ်ခွာ ပြေးသွားပြီးနောက် ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီဘက်မှ စစ်ကူအများအပြားဖြင့် ထပ်မံ ဝင်ရောက်လာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင် အမှတ် ၁ တပ်ရင်း မှ အနောက်ရိုးမ အခြေစိုက် (RV) စစ် ကြာင်း တပ်ခွဲ-၁ တပ်ခွဲ ၅ တပ်ခွဲ ၆ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ ဝင်တစ်ဦး ဘယ်ပခုံးထိပ် လက်နက်ငယ်ထိမှန်ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာ စိုးရိမ်စရာ မရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွေဘိုမြို့နယ်၊ ကူးတို့ဆိပ်(ပျူ)ရွာစခန်းနှင့် ပျူရွာ ၅ ရွာကို ဒရုန်း၊ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၇ ရက် နံနက် အစောပိုင်း ၂ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ်(ပျူ)ရွာစခန်းကို ဒရုန်းဖြင့် မီး‌ လောင်ဗုံးများ ဆက်တိုက်ကျဲချတိုက်ခိုက်ပြီးနောက် နံနက် ၉ နာရီခန့်မှ ၁၂ နာရီ မိနစ် ၃၀ ခန့်အထိ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိနာပြီး ရွှေဘိုမြို့ အမှတ် ၈ လေ့ကျင့်ရေးကျောင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့်လည်းကောင်း၊ ဆင်အင်း စစ်ကောင်စီစခန်းမှ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးဖြင့်လည်းကောင်း ဗုံးသီး ၄၀ ခန့် ပစ်ခတ်တိုက် ခိုက်ခဲ့သည့်အပြင် Mi 35 ရဟတ်ယာဉ်ဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထို့အပြင် မုံရွာမြို့ရှိ နမခ တပ်မှ Mi 35 ဖြင့် လေကြောင်းမှ ၁ နာရီ ခန့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများ နေထိုင်ရာ ဘန်ကာများ၊ ရော့ကတ်များဖြင့် မှားယွင်းပစ်ခတ်ခဲ့ရာ ဘန်ကာများ ထိခိုက် ပျက်စီးမှုရှိသည့် အပြင် အကြမ်းဖက်စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးနိုင်ပြီး အကြမ်း ဖက်စစ်သား၊ ပျူစောထီးများလည်း ၎င်းလေယာဉ်ကို ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကူးတို့ဆိပ်ကျေးရွာမှ နေအိမ်တစ်လုံးအတွင်း စစ်ကောင်စီ တပ်သား အလောင်းများထည့်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ပျူရွာ ၅ ရွာကို လက်နက်ကြီးနဲ့ တပြိုင်တည်း ပစ်တာက ၂၆ ရက်နေ့ကပါ၊ ကူးတို့ဆိပ် ပျူရွာကို တော့ ၂၇ ရက်နေ့မှာ ဝင်တိုက်ခဲ့တာ၊ လေကြာင်းရော ပစ်ခံခဲ့ရပါတယ်” ဟု ရွှေဘိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖ ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ (PDO)အဖွဲ့၊ တိုက် နယ် ၁ ၊ ၃ ၊ ၅ ပကဖအဖွဲ့၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ညောင်ဦးမြို့နယ် ပကဖနှင့် မိတ္ထီလာခရိုင် Drone အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရွှေဘိုမြို့နယ်အတွင်းရှိ ပျူရွာများ ဖြစ် သော ကူးတို့ဆိပ်ကျေးရွာ၊ ညောင်ကိုင်းကျေးရွာ၊ ဆင်အင်းကျေးရွာ၊ မြင်းစီးကျေးရွာနှင့် ပလိုင်း ကျေးရွာ တို့အား တာဝေးပစ်လက်နက်ကြီးများ၊ ဒရုန်းတို့ဖြင့် တပြိုင်တည်း ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘို တိုက်နယ် ၁ ပကဖ တာဝေးပစ်လက်နက်ကြီးအဖွဲ့မှ မြင်းစီး (ပျူ) ကျေးရွာ အထိုင်စခန်းကိုလည်းကောင်း၊ ရွှေဘိုမြို့နယ် တိုက်နယ်(၃) ပကဖနှင့် ခင်ဦးမြို့နယ် ရုံးစု ကျေးရွာ ပကဖ တာဝေးပစ်လက်နက်ကြီးအဖွဲ့မှ ဆင်အင်း စစ်တပ်အထိုင်စခန်းကိုလည်းကောင်း၊ ဒီပဲယင်းမြို့နယ် ပကဖ တာဝေးပစ်လက်နက်ကြီးအဖွဲ့မှ ညောင်ကိုင်းပျူကျေးရွာ အထိုင်စခန်းကို လည်းကောင်း၊ ဘို မြို့နယ် တိုက်နယ် ၅ ပကဖ တာဝေးပစ်လက်နက်ကြီးအဖွဲ့မှ ပလိုင်း ပျူရွာ စခန်းကိုလည်းကောင်း ရွှေဘိုမြို့နယ်ပကဖ၏ လမ်းညွှန်မှု ဖြင့် ၄ နာရီခန့်အကြာ တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ည ၇ နာရီခန့်တွင် ဆင်အင်းကျေးရွာ စစ်တပ်စခန်းကို ရွှေဘိုမြို့နယ်ပကဖ (PDO)အဖွဲ့နှင့် တိုက်နယ် ၃ ပကဖအဖွဲ့၊ ညောင်ဉီးမြို့နယ် ပကဖအဖွဲ့တို့မှ Drone ဗုံးသီး ချ၍တိုက်ခိုက်ခြင်းနှင့် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်၍တိုက်ပွဲဖော်ဆောင်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့များ အထိအခိုက် မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *