ခုတော့လဲ ဘုရားဒကာမတွေဖြစ်သွားကြပါပြီ

တစ်ဖက်က ရှိပြီးသား နာမည်ဂုဏ်တစ်ခုကြောင့် မပေးချင်ဘဲ ပေးလိုက်ရတာ

တစ်ဖက်က အရမ်းကို ငမ်းငမ်းတက်တက် မက်မောတယ်လို့ အထင်မခံနိုင်တဲ့အတွက် မစွန့်လွှတ်ချင်ပဲ စွန့်လွှတ်လိုက်တာ

ဘာနဲ့ တူသလဲဆိုတော့
“ယာဂုအိုးကွဲခါမှ ရွှေစည်းခုံလှူ” ဆိုတာလိုပဲ
ပြန်ကောက်မရမယ့်အတူတူ ရွှေစည်းခုံဘုရား လှမ်းလှူသလိုပါပဲ

သေချာကြည့်ကြည့်

အလှူတစ်ခု လှူလိုက်ရပေမယ့် နှစ်ယောက်လုံးရဲ့ မျက်နှာတွေမှာ ကြည်နူးပီတိ အရိပ်လက္ခဏာ ရှိမနေဘူး

ရင်ထဲမှာ ခံပြင်းချက် ကိုယ်စီနဲ့ ဒီပွဲမှာ
နှစ်ယောက်လုံး ရှုံးတယ်

ကြားထဲက ခင်မို့မို့အေးဖြစ်ရတဲ့ ကိုယ်တွေလည်း ရှုံးတာပဲ

ခုတော့လဲ ဘုရားဒကာမတွေဖြစ်သွားကြပါပြီ

ဇာတ်ပေါင်းသော် ငါတို့ပဲ အစွယ်ငေါငေါနဲ့ကျန်ခဲ့တာ 😌

မသက်သက်မာနှင့် ထာဝရဝိန့်စိန်တို့ တွေ့ဆုံပြီး နှစ်ဦးလုံး အဆင်ပြေပြေနဲ့ ညှိနှိုင်းဆွေးနွေးပြီး

😎 ဝိန့်စိန် နောက်ဆက်တွဲ 😁

ဘာသာရေးနဲ့ ရောယှက်လိုက်တဲ့ အကွက်ကြီး 😂

ထာ၀ရ၀ိန့်စိန်ရဲ့တာ၀န်ရှိလူကြီးမင်းများက ကားကံစမ်းမဲပေါက်တဲ့ကံထူးရှင် ကျွန်မမသက်သက်မာကို ရွှေ ၁၀ သားပေးမယ်လို့ လာညှိနှိုင်းပါတယ်။

ထာ၀ရ၀ိန့်စိန်ရဲ့ကံစမ်းမဲပေးပွဲကြီးမှာကျန်ရှိနေတဲ့ကားတစ်စီးကို ဆက်ပြီးမဲမဖောက်တော့ဘဲဘုန်းကြီးကျောင်းကိုလှူသွားမယ်လို့ ထာ၀ရ၀ိန့်စိန်ရဲ့တာ၀န်ရှိလူကြီးမင်းများက ပြောကြားသွားပါတယ်။

ကားကံစမ်းမဲပေါက်တဲ့ ကံထူးရှင်ကျွန်မ မသက်သက်မာကို ရွှေ ၁၀ သားပေးဖို့ ညှိနှိုင်းနှစ်သိမ့်တာထပ် ကံစမ်းမဲပေးပွဲကြီးမှာကျန်ရှိနေတဲ့ကား ၁ စီးကို ကားကံစမ်းမဲပေါက်တဲ့ ကံထူးရှင်ကျွန်မ မသက်သက်မာကိုပေးချင်းဟာ တစ်နိုင်ငံလုံးရဲ့လူတွေက ထာ၀ရဝိန့်စိန်ကို ဂုဏ်ယူနေမှာအမှန်ဘဲဖြစ်ပါတယ်။

ကားကံစမ်းမဲပေါက်တဲ့ကံထူးရှင် ကျွန်မ မသက်သက်မာကိုပေးအပ်ခြင်းဟာ ထာ၀ရ၀ိန့်စိန်ရဲ့ဂုဏ်သိက္ခာအတွက်တာ၀န်ယူမှုဖြစ်စေပါတယ်

ပုံ ထာ၀ရ၀ိန့်စိန်က တစ်နိုင်ငံလုံးသိအောင် ကြော်ငြာသွားတဲ့ ကားကံစမ်းမဲပေါက်တဲ့ ကံထူးရှင် ကျွန်မ မသက်သက်မာ

မသက်သက်မာနှင့် ထာဝရဝိန့်စိန်တို့ တွေ့ဆုံပြီး နှစ်ဦးလုံး အဆင်ပြေပြေနဲ့ ညှိနှိုင်းဆွေးနွေးပြီးဖြစ်ပါသည်။

ဝိန့်စိန်ဘက်မှ မသက်သက်မာ​၏ နစ်နာခဲ့မှုအပေါ် ငွေအမောင့်တစ်ခုဖြင့် နှစ်ဦးသဘောတူ လက်ခံညှိုနှိုင်းခဲ့ပြီး အရာအားလုံးအဆင်ပြေခဲ့ပါသည် ။

ဝိန့်စိန်ဘက်မှ ပြောထားသည့်အတိုင်း ကားတစ်စီးကိုလည်း သာသနာအတွက် လှူဒါန်းသွားမည့်အပြင် နောက်ထပ် ကားတစ်စီးကိုလည်း မသက်သက်မာကိုယ်တိုင် မဲနှိုက်ပြီး ကားကံထူးရှင် အသစ်ကို ရွေးချယ်ပေးသွားမှာဖြစ်ကြောင်းသိရပါသည်။

မသက်သက်မာနှင့် ဝိန့်စိန် ဖောက်သည်များ​ အမည်ဖြင့် ဘုရားတစ်ဆူတည်ပြီး အလှူပြုလုပ်မှာလည်းဖြစကြောင်းသိရသည်။

အားလုံးလည်း အဆင်ပြေပြီး အဆိုးတစ်ခုကနေ အကောင်း နှစ်ခု ဖြစ်လာတဲ့အပေါ် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ 🙏🏻🙏🏻🙏🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *