“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၂) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်မှ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြီးသည် တစ်ရက်မှ ရပ်နားခြင်း မရှိဘဲ ညီနောင်မဟာမိတ်(၃) ဖွဲ့မှ ဦးဆောင်ဆင်နွှဲလာခဲ့သည်မှာ ဒီဇင်ဘာလ(၂၇) ရက်နေ့ဆိုလျှင် နှစ်လ တင်းတင်းပြည့်ကာ စစ်ဆင်ရေးရက်အားဖြင့် (၆၂) ရက်တိုင်ခဲ့ပြီဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်တွင် မိမိတို့နည်းတူ စစ်ကောင်စီကိုတော်လှန်နေကြသည့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းတို့သည်လည်း ၎င်းတို့လှုပ်ရှားရာနယ်မြေများ၌ စစ်ကောင်စီအား ရသည့် နည်းလမ်းဖြင့် တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ယနေ့အချိန်တွင် “တစ်နိုင်ငံလုံးစစ်ဆင်ရေး” ပုံစံအသွင်မျိုးဖြင့် ဖက်ဆစ်စစ်အာဏာရှင်တို့အား တော်လှန်တိုက်ထုတ်နေကြသည်မှာ ၁၉၄၅ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံအတွင်းမှ ဖက်ဆစ်ဂျပန်တို့အား မောင်းထုတ်သည့်နှယ် အသွင်သဏ္ဍာန်တူလှသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏နယ်မြေများတွင် စစ်ကောင်စီတပ်၏ မရှုမလှရုပ်ပျက်ဆင်းပျက် ဖြစ်ပျက်နေ သည့် ဖြစ်ရပ်၊ မြင်ကွင်းများမှာ နေ့စဉ်နှင့်အမျှရှိနေသည်။ တစ်ပြိုင်နက်တည်းတွင် ဘုံရန်သူစစ်ကောင်စီအား တော်လှန်တိုက်ခိုက်သည့်အဖွဲ့အစည်းများမှာ တစ်ရက်ထက်တစ်ရက် များပြားလာနေခြင်းက မြန်မာပြည်သူ လူထုတစ်ရပ်လုံး လိုလားသော ဆန္ဒကို ပြည့်ဝရန် နီးစပ်လာခြင်းပင်ဖြစ်သည်။

ဤတစ်ကြိမ်၊ ဤအခွင့်အရေးကို အမိအရ ရယူပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဆန္ဒကို ပြည့်ဝစေရန် လာမည့် နှစ်သစ်တွင် ယခုထက်အားစိုက် ကြိုးပမ်းကြရန်ကိုလည်း မိမိတို့စစ်ဆင်ရေး၏ နှစ်လပြည့်နေ့တွင် အထူး အလေးအနက်တိုက်တွန်းလိုက်ပါသည်။

နှစ်လတာ စစ်ဆင်ရေးကာလအတွင်း ရန်သူ့စစ်စခန်း၊ မြို့ကြီးအမြောက်အမြားအား သိမ်းပိုက်ရယူနိုင်ခဲ့ကာ မိမိတို့သတ်မှတ်ထားသည့် ရန်သူ၏ စစ်ဆင်ရေးပစ်မှတ်များကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့အတူ အဆိုပါသတ်မှတ်ထားသောစစ်ဆင်ရေးနယ်မြေများနှင့် ဆက်စပ်မြို့ကြီးအချို့ကိုလည်း မိမိတို့ ညီနောင် မဟာမိတ်များမှ ထိန်းချုပ်ထားပြီး အဆိုပါမြို့ကြီးများ၏ အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်နိုင်ရေး အတွက် မိမိတို့မှ အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။

ထို့အတူ ဤ ၁၀၂၇ စစ်ဆင်ရေး နှစ်လတာကာလအတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသောသူများကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

တစ်ရက်မှရပ်နားခြင်းမရှိသေးသော ၁၀၂၇ စစ်ဆင်ရေး၏ နှစ်လပြည့်သည့်နေ့တွင် အောက်ပါနေရာများ၌ အောက်ပါတိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

(၁) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၈) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၄) စစ်ဒေသ၊ နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် တအာင်းတပ်မ‌‌‌တော် (TNLA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ Mi-35 ဖြင့် (၄) ကြိမ်၊ Y12 ဖြင့် (၈) ကြိမ်နှင့် ဗုံး (၇၈) လုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၂) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ရှမ်းမြောက်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မ‌တော် (MNDAA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲဖြစ်ပွားရာနေရာ သို့ စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် (၈)ကြိမ်၊ Mi-35 ဖြင့် (၅) ကြိမ်ဖြင့် လေကြောင်းပစ်ကူစုစုပေါင်း (၁၃) ကြိမ်တိုင်တိုင် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည်။

(၃) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့တစ်ရက်တည်းတွင် တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ကြူရှောကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၁၁) ကြိမ်၊ ကျောက်မဲအခြေစိုက် စစ်ကောင်စီ၏ “မိုင်းငေါ့တပ်စခန်း” မှလည်း မာန်ပုံကျေးရွာအနီးတဝိုက်သို့ လက်နက် ကြီးဖြင့် (၅) ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ “၆၈ ဂိတ်တပ်” မှ ဖန်တောင်ကျေးရွာနှင့် ပန်ကျုံကျေးရွာ အနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၁၃) ကြိမ်၊ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ ညကလည်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ “မိုင်းငေါ့တပ်စခန်း” မှ မန်ခေါက်ကျေးရွာအတွင်း သို့ လက်နက်ကြီးဖြင့် (၆) ကြိမ် ရမ်းကားပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ (၁) ဦးမှာ လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးခဲ့သည်။ ထို့အတူ အခြား (၁) ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

(၄) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် စစ်ကောင်စီဘက်မှ Mi-17 ထောက်ပို့လေယာဉ်ဖြင့် နမ့်ခမ်း၊ မန်တပ်စခန်းသို့ (၁) ကြိမ်၊ မူဆယ်မြို့သို့ (၁) ကြိမ်နှင့် နမ္မတူတပ်စခန်းသို့ (၁) ကြိမ်ဖြင့် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းကာ တန်ပြန်တိုက်စစ်ဖွင့်ရန် လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရ သည်။

(၅) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၉) နာရီ (၃၅) မိနစ်အချိန်ခန့်၌ ရက္ခိုင်ပြည်၊ ဘူးသီးတောင် မြို့နယ်၊ နွားရုံတောင်ကျေးရွာ၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်သည် ၎င်းပတ်ဝန်းကျင်အနီး၌ မည်သည့်တိုက်ပွဲတစ်စုံတစ်ရာမျှ ဖြစ်ပွားခြင်းမရှိဘဲ ရွာအနီးအနားဝန်းကျင်သို့ လက်နက်ကြီးများဖြင့် (၇) ကြိမ်တိုင်တိုင် တမင်တကာ ရမ်းကားပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စေတီတောင် ကျေးရွာအတွင်းသို့ (၂) လုံးနှင့် ၎င်းရွာ၏ ချောင်းတစ်ဘက်ကမ်းရှိ ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်ကမ်းသို့ လက်နက်ကြီးကျည် (၃) လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ဤသို့ စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အသက် (၁၃) နှစ်အရွယ် အလယ်တန်းကျောင်းသား (၁) ဦး အပါအဝင် ဒေသခံအမျိုးသမီး (၂) ဦးနှင့် မွတ်ဆလင်အမျိုးသား (၁) တို့မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(၆) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့ကလည်း ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ “ခမရ (၅၅၀) တပ်ရင်း” သည် စပါးရိတ်သိမ်း နေသည့် ဒေသခံများအား စပါးခင်း ပတ်ပတ်လည်တွင် မိုင်းထောင်ထားသဖြင့် ကိုက် (၆၀၀) အတွင်းက စပါးခင်းများကို ရိတ်သိမ်းခွင့်မရှိကြောင်း ခြိမ်းခြောက်ပြီး တားမြစ်ခဲ့သည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တားမြစ်ထားသည့် လယ်ဧက (၂၀) ကျော်ခန့်ရှိသဖြင့် ဒေသခံပြည်သူများအား စားနပ်က္ခာ ပြတ်တောက်သွားစေရန် ရည်ရွယ်ချက် ရှိရှိဖြင့် လက်နက်အားကိုး အနိုင်ကျင့်ကာ တားဆီးပိတ်ပင်ခဲ့ခြင်းပင်ဖြစ်သည်။

(၇) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၁) နာရီခန့်တ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *