စစ်ကိုင်းမြို့နယ်တွင်း မာလဲတောရွာရှိ ပျူစခန်းအား PDF များ က ထိန်းသိမ်းရယူ

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားရာ မာလဲတောကျေးရွာ ပျူစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ ထိန်းသိမ်းရယူနိုင်ခဲ့သည်ဟု Phoenix – SGG တာ၀န်ခံ မှ ပြောသည်။

မာလဲတောရွာအား ဒီဇင်ဘာလ ၂၃ ရက်နေ့ ၂ နာရီခွဲအချိန်တွင် ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများက ပြန်လည်ခုခံခြင်းမပြုလုပ်ဘဲ ထွက်ပြေးသွားကြောင်း ၊ ယခုအခါတွင် ပြည်သူ့ကာကွယ်ရေးတပ်သားများက ၄င်းရွာအား ရယူထားကြောင်း သိရသည်။

“သူတို့က တိုက်ပွဲမဖြစ်ဘဲ စခန်းစွန့်ပီး ပြေးတာဗျ။ PDF တွေ ထိမ်းသိမ်းရယူထားတဲ့ ပျူရွာအဖြစ် စစ်ကိုင်းမြို့နယ်မှာ ပထမဆုံးပါပဲ ” ဟု အထက်ပါ တာ၀န်ရှိသူကဆိုသည်။

၄င်းရွာအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ စစ်သား နှင့်ပျူများနေထိုင်သော ဘန်ကာ ၁၆ ခုနှင့် ဗုံးခိုကျင်း ၆ ခုတို့အား ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

စီးနင်း၀င်ရောက်ခဲ့ရာတွင် Phoenix -SGG ၊ စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း ၊ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ ၊ Royal Falcon Guerrilla Force ၊ Fright For Federal ၊ Young Wolf နှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပါ၀င် လုပ်ဆောင်ခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်လာခဲ့သည်။

ယခုကဲ့သို့သော မစ်ရှင်များ ဆက်လုပ်ဆောင်ကာ အောင်ပွဲများ ရယူနိုင်ရန်အတွက် ပြည်သူ လူထုအနေဖြင့် ထောက်ပံ့မှုများ လုပ်ဆောင်ပေးခြင်းဖြင့် ကူညီပေးကြပါရန် Phoenix – SGG တာ၀န်ခံ က တောင်းဆို​ထားသည်။

တိုက်ခိုက်ခံရတဲ့ ပျူစောထီးတွေ စခန်းကို စွန့်ခွာထွက်ပြေးသွား (ရုပ်/သံ)

စစ်ကိုင်းမြို့နယ်အတွင်းရှိ၊ မာလဲတောကျေးရွာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းကို ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Phoenix Sagaing SGG အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစခန်းကို စစ်ကောင်စီ လက်အောက်ခံအဖွဲ့ဝင်တွေက ၂ နှစ်ကျော်တပ်စွဲထားတာဖြစ်ပြီး ရွာဘေးပတ်လည်မှာ ကတုတ်ကျင်း၊ ဗုံးခိုကျင်း၊ ဘန်ကာတွေ အခိုင်အမာပြုလုပ် စခန်းချထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

မာလဲတော ပျူစောထီးစခန်းကို ရှင်းလင်းရာမှာ ဘန်ကာ ၁၆ ခု၊ ဗုံးခိုကျင်း ၆ ခု၊ တပ်မ ၃၃ တံဆိပ်ပါ ယူနီဖောင်း ၂ စုံ၊ စစ်ဦးထုပ် ၃ လုံးသာ ကျန်ရှိပြီး စခန်းကိုကြိုတင်စွန့်ခွာသွားတဲ့အတွက် လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရတာ မရှိခဲ့ဘူးလို့ သူက Phoenix Sagaing SGG အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နောင်ကြီးက ပြောပါတယ်။

ယခင်ကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဲ့ဒီပျူစခန်းကို တိုက်ခိုက်တာ၊ ရွာကိုဝင်လာတဲ့ စစ်တပ်လမ်းကြောင်းကို ပိတ်ဆို့မိုင်းဆွဲတာ ဒရုန်းတွေနဲ့ဗုံးကြဲတာတွေလည်း မကြာခဏ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီလို တိုက်ခိုက်ရာမှာ စစ်သား၊ ရဲနဲ့ ပျူစောထီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပြီး အလောင်းတွေ မကောက်တာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

ပျူစခန်း ရှင်းလင်းရာမှာ Phoneix Sagaing SGG အဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerilla Force ၊ Fight For Federal ၊ Young Wolf နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ် ပျူစောထီးနှင့် စခများ ၂နှစ်ကျော် အခိုင်အမာစခန်းချနေထိုင်ခဲ့သော မာလဲတောကျေးရွာအား ကျွန်တော်တို့ PDFများမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့စဥ်က တွေ့ရှိခဲ့သော စခနှင့် ပျူစောထီးများ၏ ကတုတ်ကျင်း ဘန်ကာများ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *