ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဖယ်ခုံမြို့အဝင်အထွက်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်

ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း မိုးဗြဲ-ဖယ်ခုံစစ်ဆင်ရေးမဟာမိတ်အင်အားစုများမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနှင့် လွယ်ပတာ စခန်းကုန်းများကို ပူးပေါင်းမဟာမိတ်တော်လှန်ရေးအင်အားစုများက် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ပူးပေါင်းမဟာမိတ်အင်အားစုများသည် ဖယ်ခုံမြို့ အဝင်နှင့်အထွက် အသီးသီးကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုကာလများအတွင်း ပြည်သူလူထုများအနေနှင့် ဖယ်ခုံမြို့အတွင်း ဝင်ထွက်သွားလာခြင်းမပြုကြသေးရန်လည်း တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံသည်။

လက်ရှိကာလ စစ်ရေးအခြေအနေများကြောင့် မိုးဗြဲ-ဖယ်ခုံဒေသအသီးသီးတွင် နေထိုင်ကြသည့် ပြည်သူလူထုများအနေနှင့် နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန် မေတ္တာရပ်ခံကြောင်း၊ အရပ်သားများ ထိခိုက်နစ်နာမှု မရှိစေရန်ဖြစ်ပြီး
စစ်ရေးအခြေအနေများကိုလည်း အလျဉ်းသင့်သလို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးဗြဲ-ဖယ်ခုံစစ်ဆင်ရေးမဟာမိတ်အင်အားစုများက ပြောဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *