မဟာအောင်မြေမြို့နယ်တွင် ကင်းပုန်းဝတ်အရက်သောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ဘန်ကာနောက်တွင် အရက်သောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို လက်ပစ်ဗုံးဖြင့်ပစ်၍ တိုက်ခိုက်ခဲ့ကြောင်း Mandalay UG WolfARMY အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

“ရုံးပေါက်စောင့်နေတဲ့စခတွေတော့ ရှိပါတယ်။ ဘန်ကာနဲ့ကွယ်ပီးနှစ်ကောင်အရက်သောက်နေတာကိုကျွန်တော့်တို့တွေ့ရှိခဲ့ပါတယ်ဗျ။

အဲဒါနဲ့ကျွန်တော့်တို့လဲသဲအိတ်အလည်တည့်တည့်ကြားကိုအသီးတစ်လုံးပစ်ပီးဆုတ်ခွာခဲ့ပါတယ်။ ပြန်လည်ပစ်ခတ်ဖို့တွက်ခွေးတွေ အချိန်မရလိုက်ပါဖူးအငိုက်မိသွားပါတယ်” ဟု ၎င်းကပြောသည်။

ယင်းစစ်ဆင်ရေးကို ဒီဇင်ဘာ ၂၇ ရက် ည ၈နာရီ ၄၇ မိနစ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားများဘေးကင်းကြောင်း ၎င်းက ပြောသည်။

“မဟာအောင်မြေကခွေးတွေ နားနေကြ စားကျက်ရုံးပါ။ ရုံးထဲမှာအုပ်ချုပ်ရေးမှူးရောမဟာအောင်မြေ ခွေးတွေအိပ်တဲ့ရုံးပါ။ ရုံးက သဲအိတ်ဘေးကင်းပုန်းစောင့်ထား ၂၄ နာရီ၊ အပြင်ကကြည့်သိပ်မသိသာပါဘူး။ ရုံးပိတ်တဲ့ပုံစံပါ”ဟု ယင်းရုံးနှင့်ပတ်သက်၍အထက်ပါတာဝန်ရှိသူကပြောသည်။

စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ပြည်သူများကိုငဲ့၍ ဖျက်သိမ်းရသည့် စစ်ဆင်ရေးများရှိသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့်နေရာများကိုရှောင်ရှားရန် ၎င်းက မေတ္တာရပ်ခံသည်။

“ဘီယာဆိုင်မှာ စခ ၊ ရခ တွေထိုင်နေတဲ့ဝိုင်းလုပ်ချင်တာလုပ်လို့ရပေမယ့် ဘေးဝိုင်းတွေမှာ ပြည်သူဝိုင်းတွေရှိလို့ ခြံစောင့်ခွေးတွေပဲလုပ်ခဲ့ရပါတယ်။ပြည်သူတွေကိုငဲ့ငဲ့နေလို့ ထိထိရောက်ရောက်ဖြစ်မယ့် မစ်ရှင်တွေကို နောက်ဆုတ်ပစ်ရပါတယ်။

မန်းလေးကပြည်သူများအနေနဲ့ စခ၊ ရခ တွေပတ်ဝန်းကျင်မှလုံးဝရှောင်ပေးပါ”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

မစ်ရှင် ထုတ်ပြန်ကြေငြာခြင်း………

ဒီဇင်ဘာ၂၇ရက်

မန္တလေးမြို့မဟာအောင်မြေ၈၁လမ်း၄၀ဒေါင့်

မဟာရှေ့ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ခြံစောင့်

ခွေး၂ကောင်ခွက်ပုန်းသောက်နေချိန်အငိုက်ချောင်း

ပြီးလျှက်ဆားပုလင်းနဲ့ချွဲသလိပ်ကြေအောင်ဆေး

တိုက်ခဲ့ပါသည်မဟာရှေ့ရက်ကွက်အုပ်ချုပ်ရေးမှူး

ရုံးသည်မြို့ကားလမ်းပေါ်/ဖမ်းဆီးစစ်ဆေးရေးများပြုလုပ်ပီးငွေညစ်ကောက်ခံခြင်းနှင့်ရပ်ကွက်အတွင်း

ဧည့်စာရင်းစစ်ခြင်းဖမ်းစီးခြင်းများလုပ်ဆောင်နေ

ခြင်းဖြစ်ပါသည်မဟာအောင်မြေမြို့နယ်

ရက်ကွက်များတွင်လဲဧည့်စာရင်းများစစ်

ပစ်ခတ်ဖမ်းစီးခြင်းများလဲလုပ်ဆောင်သောကြောင့်ဒီဇင်ဘာ(၂၇)ရက်ညပိုင်း၈နာရီ၄၇မိနစ်တွင်မဟာ

ရှေ့ရက်ကွက်ရုံးရှေ့ခွက်ပုံးကစ်နေသောခွေးနှစ်

ကောင်အားလျှက်ဆားချောင်းဆိုး

ပျောက်ဆေးလေးနဲ့အမြည်းပေးခဲ့ပါကြောင်း

ပြည်သူလူထုအားပြောကြားအပ်ပါသည်//

ဗိုလ်လျှက်ဆား

Mandalay UG WolfARMY


Comments

Leave a Reply

Your email address will not be published. Required fields are marked *