ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံးကြောင်း မကွေးခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်းနှင့် မဟာမိတ် ပူးပေါင်းတပ်များက အထူးစစ်ဆင်ရေး တစ်ရပ်အနေဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အပြန်အလှန်​ ပစ်ခတ်မှုအတွင်း တော်လှန်ရေး ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း၊ တိုက်ပွဲအချိန်ကြာမြင့်ခြင်း၊ ကျည်လုံလောက်မှုမရှိခြင်းတို့ကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်များအား အပြီးသတ် ချေမှုန်းနိုင်ခြင်းမရှိဘဲ ပူးပေါင်းတပ်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင်အမှတ် ၂ တပ်ရင်းနှင့် မဟာမိတ်များ ဖြစ်သော သရက်ခရိုင်အမှတ် ၁ တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၄ တပ်ရင်း ၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ ရေနံချောင်း ပကဖ၊ ချောက် ပကဖ၊ ​ ​Chauk Guerrilla Force (CGF)၊ Chauk Revolution Army (CRA)၊ မကွေးခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ရေးသတင်းထုတ်ပြန်ချက်

ကြေညာချက်အမှတ် ၁၈/၂၀၂၃

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် မနက်၄နာရီတွင် ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များအား ကျွန်ုပ်တို့မကွေးခရိုင်၊ အမှတ်(၂)တပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များက အထူးစစ်ဆင်ရေးတစ်ရပ်အနေဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ အနီးကပ်ပျောက်ကြားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များအထိနာပြီး စကစတပ်သား ၁၇ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ပွဲကြာမြင့်ချိန် ၂နာရီခန့်ကြာမြင့်ခဲ့ပြီး အပြန်အလှန်​ပစ်ခတ်မှုကြောင့် မိမိတို့ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။ တိုက်ပွဲအချိန်ကြာမြင့်ခြင်း၊ ကျည်လုံလောက်မှုမရှိခြင်းတို့ကြောင့် စစ်ကောင်စီတပ်များအား အပြီးသတ်ချေမှုန်းနိုင်ခြင်းမရှိဘဲ မိမိတို့ပူးပေါင်းတပ်များ ဆုတ်ခွာခဲ့ရသည်။

အဆိုပါစစ်ဆင်ရေးအား ကျွန်ုပ်တို့ မကွေးခရိုင်အမှတ်(၂) တပ်ရင်းနှင့် မဟာမိတ်များဖြစ်ကြသော သရက်ခရိုင်အမှတ်(၁)တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ်(၄)တပ်ရင်း ၊ ငါးပြေမပျောက်ကြားတပ်ဖွဲ့၊ ရေနံချောင်း ပကဖ၊ ချောက် ပကဖ၊ ​ ​Chauk Guerrilla Force (CGF)၊ Chauk Revolution Army (CRA)၊ မကွေးခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – မကွေးခရိုင်အမှတ်(၂)တပ်ရင်းနှင့်မဟာမိတ်တပ်များမှ ရဲဘော်များ

မကွေးခရိုင်အမှတ်(၂)တပ်ရင်း

အမှတ်(၁)စစ်ဒေသ

ပြည်သူ့ကာကွယ်ရေးတပ်မတော်


Comments

Leave a Reply

Your email address will not be published. Required fields are marked *