၆၀ မမ နဲ့ ပစ်ခံရလို့ ရဲတပ်ရင်း ၂၈ က ရဲ ၃ ဦးသေပြီး ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ်လမ်း ရွှေတောင်ဦးအကျိုးအကန်းကုန်းအနီး ရဲတပ်ရင်း ၂၈ မှာ အထိုင်ချနေတဲ့ ရဲနဲ့ စစ်သားတွေကို ဒီဇင်ဘာ ၂၆ ရက် မနက် ၉ နာရီမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း ၁ တပ်ခွဲ ၁ ( Brother Defense Force) အဖွဲခေါင်းဆောင် ဗိုလ်နေလအောင် က ပြောပါတယ်။

စစ်ကောင်စီအင်အား ၇၀ ဝန်းကျင်လောက်နဲ့တပ်စွဲထားတဲ့ အဲ့ဒီနေရာကို ၆၀ မမ လက်နက်ကြီးနဲ့ ၅ ချက်ပစ်ခတ်ခဲ့တာလို့ ဗိုလ်နေလအောင် ကဆိုပါတယ်။

သေဆုံးတဲ့ ရဲ ၃ ဦးကိုတော့ ဒီဇင်ဘာ ၂၆ ရက် ညနေ လောက်က တပ်ရင်းရဲ့ အနောက်ဘက် သုသာန်မှာပဲ သေနတ်ဖောက် အမိန့်ပြန်တမ်း လုပ်ခဲ့တယ်လို့ ဗိုလ်နေလအောင် က ဆက်ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း ၁ တပ်ခွဲ ၁ ( Brother Defense Force)၊ Regional Friend Fighter နှင့် မဲမှောင်ပြောက်ကျားတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စုကို ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း ၁ တပ်ခွဲ ၁ ( Brother Defense Force) အဖွဲ့က လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

Brother Defence Force ၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်

ကျွန်တော်တို့ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ (၁) နှင့် မဟာမိတ်တပ်များက ယင်းမာပင်မြို့နယ်၊ မုံရွာ – ပုသိမ်ကားလမ်းဘေး၊ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ရင်း ၂၈ ကို ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ကိုးနာရီတွင် ၆၀ မမ နဲ့ ငါးလုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပ်ရင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆူညံနေခဲ့ကြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရဲတပ်သားသုံးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တိကျသည့်သတင်းအရင်းအမြစ်များအရ သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း (၁) တပ်ခွဲ (၁) Brother Defence Force၊ Regional Friend Fighter နှင့် မဲမှောင်ပျောက်ကြားတပ်တို့က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *