ဝစီပိတ်ဆရာတော်

ဝစီပိတ် ဆရာတော်သည် အသဲလုံးဝပျက်စီးသွားသောကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်မှ အသဲအစားထိုးလဲလှယ်ကုသ ထားတေသာ ခဲရခဲဆစ် အသက်ဆက်ထားသော ရဟန်တစ်ပါးဖြစ်ပါသည်။

ဆရာတော် ၏ ကျိုင်းတုံဗုဒ္ဓဥယဉ်ကို ရောက်ဖူးသူတိုင်းသိကြပါလိမ့်မယ်… ဆရာတော် ဟာ ယတြာ အစီအယဉ် လုပ်သောဘုန်းကြီးလား ….Art ဘုန်းကြီးလားဆိုတာ …

ကျိုင်းတုန် ဗုဒ္ဓဥယဉ်တွင် တည်ထားသော ဘုရားကျောင်းကန် စေတီ ပုထိုးများကို သွားရောက်လေ့လာကြည့်ပါ ….မည်သည့် အစီအယဉ် ယတြာများကိုမှ မပါရှိသည့်အပြင် Arts နှင့်ပက်တက်သည့်အရာများကိုသာ တွေ့ရပါလိမ့်မည်။

ပြီးတော့ ဆရာတော် ဆိုတာ သူဟာသူ သာသနာပြုပြီး ဘာဝနာပွါး နေတာများတယ် ဆိုတာကိုလဲ ကျိုင်းတုန် ဗုဒ္ဓဥယဉ် ရောက်ဖူးသူတိုင်သိပါတယ် ။ဆရာတော်သည် မည်သို့သော ရည်ရွယ်ချက်ဖြင့်မှ

ထိုလောက် ရုပ်ညံ့သော အပြုအမူ ယတြာ မျိုးကို ပေး၍လုပ်ခိုင်မည်မဟုတ်ပါ ။ဆရာတော် အနေဖြင့်လဲ မည့်သည့်ကိစ္စနှင့်မှ မက်မော တွယ်တာ ပြီး နေ့ဖို့ညစာ အတွက် ကြံရွယ်မည့် ဆရာတော် မျိုးမဟုတ်ပါ။

ယခု ဖြစ်စဉ်များသည် အခြေအမြစ်မရှိ အောက်လုံးများကို မဆင်မချင် လိုက်လံဝေငှနေသော အပေါ်စားလုပ်ရပ်များတွင် ဆရာတော်များ၏ ဂုဏ်သိက္ခာများကို စတေးနေရသည်မှာ အလွန်အကျီးတန်လှပါသည်။

မင်းအောင်လှိုင်နှင့် ရင်းနှီသော ဆရာတော်ကြီးအားလုံးကို လိုက်ဆော်ကားနေချင်းသည် သင်တို့အားလုံး လုပ်ရပ်မှန်မမှန် ခေါင်းအတွင်းဦးနှောက်နှင့် ရင်ဘတ်အတွင်းရှိ စိတ်နုလုံးပေါင်းစပ်အဖြေရှာကြည့်ပါ။

ယခု အစော်ကားခံနေရသော ဆရာတော်ကြီး များတွင် သီတကူဆရာတော် ပါချုပ်ဆရာတော် အောက်စဖိဒ့်ဆရာတော် ဝစီပိတ်ဆရာတော် နှင့် ဆရာတော်ကြီးများစွာကို စော်ကားနေကြချင်းသည် ။ကံကြီးထိုက်နိုင်သည်ကို မမေ့မလျော့ကြပါနှင့်ခင်ဗျ…

ဥပမာ။ ။ အသဲ အစားထိုးလဲထားသော ဆေးဖြင့် အသက်ဆက်နေရသည့် သာသနာကြီးစွာ ပြုနေသည့် အမြဲ ဂုဏ်တော် ပရိတ်ပထန်းပွါးများနေသည့်ဆရာတော်ပါ…။

ဝဇီပိတ် ဆရာတော်ဘုရားအကြောင်းကို မဟုတ်တန်းတရားတွေရေးနေကြလို့ ကိုယ်သိသလောက် ရေးပြလိုက်ဦးမယ်….

ဆရာတော်ဟာ ကျိုင်းတုံက ဗုဒ္ဓဥယျာဉ်ကိုတည်ထောင်တဲ့ဆရာတော်ပါ။ဝဇီပိတ် ဆ်ိုပြီးစကားပြောတာမှ ဖောင်ဖွဲ့လို့တဲ့ ….

ဟုတ်တယ် ဆရာတော်က ဝါတွင်းကာလမှာမှ ဝဇီပိတ်ကျင့် တာ….ဝါတွင်းကာလတွေဆို ဆရာတော်က ဝဇီပိတ်ပါတယ်…

ဝါကျွတ်ရင်တော့ လူသူမနီးတဲ့တောထဲတောင်ထဲက လူတွေရဲ့ ဘဝတွေကို လူနေမှုမြှင့်တင်ဖို့အတွက်

ရေမရှိတဲ့နေရာ ရေရရှိဖို့ ၊

စာသင်ကျောင်းမရှိရင် စာသင်ကျောင်းရဖို့ ၊

မိဘမဲ့နေရင် သူမွေးစားပြီးကျောင်းထားပေးဖို့

ဘာသာတရားမဲ့နေသူတွေကို ဗုဒ္ဓဘာသာအဖြစ်သွတ်သွင်းပေးဖို့

တောင်တန်းတွေစီ လှည့်လည် ကြွပါတယ်။ကားလမ်းမရှိဘူး။ဆိုင်ကယ်မရောက်ဘူး။လမ်းလျှောက်ကြွတယ်…

ဆရာတော်ရဲ့ ဘုန်းတော်ကြီးကျောင်းမှာ ကျိုင်းတုံတက္ကသိုလ်ရဲ့ အပေါ် တောင်ကုန်းလေးမှာ ရှိပါတယ်။

ကဗျာချစ်သူတွေစာအေးအေးချမ်းချမ်းကျက်လိုသူတွေက ဆရာတော်ရဲ့ဘုန်းတော်ကြီးကျောင်းမှာ စာပေသွားရောက်ကျက်လေ့ရှိပါတယ်။

ကဗျာသင်္ချုင်းဆိုပြီးအုတ်ဂူတွေပေါ်မှာ ကဗျာတွေ အများကြီးရေးထိုးထားပါတယ်။

ကျိုင်းတုံတက္ကသိုလ် ကျောင်းသူ/သားတိုင်းဝဇီပိတ်ဆရာတော်ကျောင်းကိုမရောက်ဘူးသူ မရှိသလောက်ရှားပါးပါတယ်။

မေးမြန်းစုံစမ်းနိုင်ပါတယ်…..

စစ်အာဏာရှင်ကိုခညားတို့ဆန့်ကျင်လို့ရတယ်….မတားပါဘူး။ကိုယ့်ခံယူချက်နဲ့ကိုယ်ပါ။

ဗုဒ္ဓဘာသာနိုင်ငံမှာနေပြီး ဘုန်းတော်ကြီး၁ပါးကို မဟုတ်တန်းတရားတွေ ပြောမယ်ဆိုရင်တော့ ဒါဟာ အဓ္ဓမ ဖြစ်သွားနိုင်ပါတယ်….

နောက် ၁ချက် ဆရာတော်ကအခါပေးဆရာတော်မဟုတ်ပါဘူး။ ၂လုံးဂဏန်း ၃လုံးဂဏန်း မပေးပါဘူး။ ပေါ်ပင်ဆရာတော်မဟုတ်ပါဘူး။

အမြင်မတူရင် ဒီပိုစ်ကိုကျော်ခွသွားပါ…။ဆဲဆိုရိုင်းပျခြင်းမပြုပါနဲ့…ခညားတို့ လက်ဖဝါးမြင်ကောင်းမြင်မယ်….ကျနော့ဘက်က လက်ဖမိုးပါ ။

မဟုတ်မမှန် သိက္ခာချတာတွေ ရပ်ကြပါတော့။တူသော အကျိုး ရှိပါတယ်။ခေတ်ကိုပြောင်းချင် ခေါင်းကိုပစ် ဆိုတဲ့ဒီစကားကို ဆရာတော် ပြောတယ်ဆိုတဲ့ အထောက်ထားမရှိဘူး။မရှိဆို ​ပြောမှမ​ပြောခဲ့တာ။

ပုံ တစ်ပုံပေါ်မှာ စာတစ်ခုရေးတယ်ဆိုတာ ကလေးတစ်ယောက်တောင်ရေးတတ်တယ်။ကာချုပ်နဲ့တွဲနေတဲ့ပုံမြင်ပြီး သိက္ခာချတာလဲ ဖြစ်နိုင်တာပဲ။ခေတ်ကြီးက သိက္ခာချ တိုက်ခိုက်တာတွေများနေတယ်။

သူရေးထားတာက တံခါးကိုဖြေးဖြေး ဖွင့်မရရင် ကန်ဖွင့်လို့ပဲ ရေးထားတာ။ ခေတ်ကိုပြောင်းချင် ခေါင်းကိုပစ်လို့ ရေးတာတော့ လိုက်ရှာတာမတွေ့ဘူး။သာမန်လူပုဂ္ဂိုလ်တောင် အဲဒိလိုမရေးဘူး။

သူ့လိုနာမည်ကြီးတစ်ယောက်က ရေးတယ်ဆိုတာ မဖြစ်နိုင်ဘူး။၂၀၀၂ ခုနှစ်လောက်မှာ ဦးသိန်းစိန်တိုင်းမှုးဘဝ ထိုင်းနဲ့မြန်မာစစ်ရေးတင်းမာနေချိန်မှာ….

ဦးသိန်းစိန် ဦးဆောင်တည်ထား တဲ့ရပ်တော်မူဘုရားကြီးရဲ့ အရှေ့အရပ် အရံစေတီထီးတော်မှာ ခေါင်းလောင်းဇောက်ထိုးဖြစ်နေတယ် ပြင်လိုက်ပါ အားလုံးငြိမ်းချမ်းသွားလိမ့်မယ်လို့ အခါပေးဖူးတယ်။

အမှန်လည်းခေါင်းလောင်းငယ်ဟာ ဇောက်ထိုးဆွဲထားတယ်လို့ကြားမိတယ်။ ထိုင်းမြန်မာစစ်ရေးတင်းမာမှုလည်း ငြိမ်းချမ်းသွားပါတယ်။သားငြိမ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *