Select Page

စစ်တပ်ကကောင်တွေက သူတို့ စစ်တပ်အကြောင်း လော်ဘီစာတွေ ရေးပြီ ဆိုရင် ၄ နှစ်သား ကလေးကို ပုံပြောပြသလိုမျိုး ရေးတာ။

မဟုတ်မဟတ် မဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို လုပ်ကြံ ချဲ့ကားပြီး ရေးတာ သူတို့လူတွေက ယုံလား မယုံလား မပြောတတ်ပေမယ့် ကိုယ်တွေ အတွက်ကတော့ တကယ့်ကို ဟာသကြီး။

စဉ်းစားကြည့်။

ကိုယ့်ခေါင်းပေါ်မှာ ဒရုန်း ၅ စီးပဲပျံပြီး ဗုံးတွေ တစ်လုံးပြီး တစ်လုံး ဖြုတ်ချတာကို ခံစားကြည့်လိုက်။

ဘယ်လို ခုခံကာကွယ်မလဲ။

ဗုံးဒဏ် ကာကွယ်နိုင်တဲ့ အခိုင်အမာ အဆောက်အအုံ ရှိနေရင်တော့ တမျိုး။

စစ်တပ်ရဲ့ ရှေ့တန်း စစ်စခန်းတွေ ဆိုတာ ခနော်ခနဲ့ တဲသာသာ အဆောက်အဦးတွေပဲ များတယ်။

ကွန်ကရစ် ဘန်ကာတွေ ရှိတယ်ပဲ ထားဦး။

မဟာမိတ်တပ်တွေက ဗျူဟာကုန်းလို နေရာမျိုးကို တိုက်ရင် ဒရုန်းတွေ ရာချီသုံးပြီး ဗုံးသီးတွေ ထောင်ချီပြီး တအုံးအုံးနဲ့ ချတာ။

အောက်က စစ်သားတွေ ဆိုတာ အတုံးအရုံး သေကြတာပါပဲ။

စကခ (၇) ဒုစကခမှူး ဆိုရင် ခေါင်းပေါ် တည့်တည့်ကျလို့ တစစီဖြစ်ပြီး အလောင်းတောင် ကောက်မရခဲ့ဘူး။

ဒါကို အပြင်းအထန် ခုခံတယ် ဆိုတော့ ထီးမိုးပြီး ခုခံတာလား 🤧