ကွက်ခိုင်နှင့် မိုင်းငေါ့ တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့နယ်နှင့် မိုင်းငေါ့မြို့တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ် တိုက်ခိုက်မှုကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် မိုင်းငေါ့မြို့ရှိ စစ်ကောင်စီ တပ်စခန်းနှင့် ကွက်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် မိုင်းငေါ့မြို့နယ်၊ ချုံးသစ်ကျေးရွာ၊ ချုံးဟောင်းကျေးရွာ အနီး တဝိုက်ကို စစ်ကောင်စီတပ်က Y12 ဖြင့် ၁၇ ကြိမ် လာရောက်ပြီး ဗုံးသီး ၇၄ လုံး၊ မိုင်းငေါ့မြို့တွင်းသို့ Jet Fighter ဖြင့် ၂ ကြိမ် လာရောက် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ မိုင်းငေါ့မြို့နယ်သို့ လက်နက်ကြီးဖြင့် ၄ ကြိမ်၊ကွတ် ခိုင်မြို့နယ် စစ်ကောင်စီတပ်မှ ပန်ဆေးကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုင်းငေါ့မြို့၊ မန် တုံရပ်ကွက်နှင့် ဈေးရပ်ကွက်ရှိ နေအိမ် ၃ လုံး ကျည်ထိမှန်ကာ မီးလောင်ဆုံးရှုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *