ချင်းတပ်သုံးဖွဲ့က ချင်းညီနောင်အမည်ဖြင့် စစ်ရေး၊ နိုင်ငံရေးမဟာမိတ်ဖွဲ့စည်းကြောင်း ကြေညာ

စစ်တပ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF-Zoland)၊ ချင်းအမျိုးသားကောင်စီ(CNC-Mindat/CDF – Mindat)တို့သည် ချင်းညီနောင်အဖြစ် ဖွဲ့စည်းလိုက်ပြီး ချင်းအမျိုးသားအရေးတွင် နိုင်ငံရေး၊စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပူးတွဲထုတ်ပြန်သည်။

ချင်းပြည်လုံးဆိုင်ရာကိစ္စများနှင့် ချင်းတမျိုးသားလုံးဆိုင်ရာကိစ္စရပ်များတွင် ချင်းညီနောင် ဘုံသဘောတူညီချက်ဖြင့်သာ ပူးပေါင်းပါဝင်ကြမည်ဖြစ်ပြီး ချင်းညီနောင် တစ်ဖွဲ့ဖွဲ့အား နိုင်ငံရေးအရသော်လည်းကောင်း၊စစ်ရေးအရသော်လည်းကောင်း၊မတော်မတရား ကျူးကျော်ထိပါးလာပါက အတူတကွ ပူးပေါင်းရင်ဆိုင်တွန်းလှန်တုံ့ပြန်သွားမည်ဟုလည်း အသိပေးသည်။

ချင်းညီနောင်၏ ဘုံသဘောတူညီချက်နှင့်ကိုက်ညီသော အဖွဲ့အစည်းများ၊ပုဂ္ဂိုလ်များနှင့်ချင်းပြည်အရေး ၊ ချင်းတမျိုးသားလုံးအရေးနှင့် ပြည်ထောင်စုအရေးတို့ကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဟု ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)တပ်များ၊ ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပြီး ချင်းပြည်ကောင်စီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ယခု ညီနောင်သုံးဖွဲ့သည်ချင်းပြည်ကောင်စီ ဖွဲ့စည်းမှုတွင် ပါဝင်ခြင်းမရှိပေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *