နှစ်သစ်အကြိုစစ်ဆင်ရေးအဖြင့် စကခ (၁၉) လက်အောက်ခံတပ်ရင်း ၂ ရင်းအား မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်းပြီး မွန်ပြည်တော်လှန်ရေး MSRF တိုက်ခိုက်

နှစ်သစ်အကြိုစစ်ဆင်ရေးအဖြင့် စကခ (၁၉) လက်အောက်ခံတပ်ရင်း ၂ ရင်းအား မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်းပြီး မွန်ပြည်တော်လှန်ရေး MSRF တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၅:၄၅ မိနစ် အချိန်တွင် ရေးမြို့နယ်အခြေစိုက် စကခ – ၁၉ လက်အောက်ခံ ခမရ (၅၉၁) နှင့် ခမရ (၅၈၃) တို့ကို မွန်ပြည်တော်လှန်ရေးတပ် – MSRF ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် – YGF၊ ABSDF တပ်ရင်း (၁) နှင့် မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း – MSRO ၊ Ye Air Force – YAF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ လက်နက်ကြီး၊ RPG ၊ ၆၀ မမ ၊ ဒရုန်း (Drone) လက်နက်ငယ်တို့ဖြင့် ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ ခမရ (၅၉၁) နှင့် ခမရ (၅၈၃) တို့ကို ထိုးစစ်ဆင်
တိုက်ခိုက်မှုကြောင့် ခမရ (၅၉၁) နှင့် ခမရ (၅၈၃) တို့မှ ကျောင်းရွာ၊ အိုင်ရှည် နှင့် ကမ်းနီရွာအနီးသို့ လက်နက်ကြီးများဖြင့် အကြိမ်ရေ (၃၀) ထက်မနည်း ရမ်းသန်းပြီးပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်နိုင်ခဲ့ပြီး၊ လာမည့်နှစ်သစ်တွင်လည်း စစ်ဆင်ရေးအရှိန်မြှင့်တင်သွားမယ်လို့အတည်ပြုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF အနေဖြင့် အာဏာရှင်ဟူသမျှနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ကိုယ့်ကြမ္မာဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၅:၄၅ မိနစ် အချိန်တွင် ရေးမြို့နယ်အခြေစိုက် စကခ – ၁၉ လက်အောက်ခံ ခမရ (၅၉၁) နှင့် ခမရ (၅၈၃) တို့ကို မွန်ပြည်တော်လှန်ရေးတပ် – MSRF ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် – YGF၊ ABSDF တပ်ရင်း (၁) နှင့် မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း – MSRO ၊ Ye Air Force – YAF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ လက်နက်ကြီး၊ RPG ၊ ၆၀ မမ ၊ ဒရုန်း (Drone) လက်နက်ငယ်တို့ဖြင့် ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ ခမရ (၅၉၁) နှင့် ခမရ (၅၈၃) တို့ကို ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ခမရ (၅၉၁) နှင့် ခမရ (၅၈၃) တို့မှ ကျောင်းရွာ၊ အိုင်ရှည် နှင့် ကမ်းနီရွာအနီးသို့ လက်နက်ကြီးများဖြင့် အကြိမ်ရေ (၃၀) ထက်မနည်း ရမ်းသန်းပြီးပြန်လည်ပစ်ခတ်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်နိုင်ခဲ့ပြီး၊ လာမည့်နှစ်သစ်တွင်လည်း စစ်ဆင်ရေးအရှိန်မြှင့်တင်သွားမည်။

မွန်ပြည်တော်လှန်ရေးတပ် MSRF အနေဖြင့် အာဏာရှင်ဟူသမျှနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ကိုယ့်ကြမ္မာဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *