မိုးဗြဲမြို့ရပ်ကွက်များအတွင်း PDF မိုင်းရှင်းလင်း

ကရင်နီပူးပေါင်းတပ်များ သိမ်းပိုက်ရရှိထားသည့် မိုးဗြဲမြို့ရှိ ရပ်ကွက်များအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း Mobye Local PDF တာဝန်ရှိသူကပြောသည်။

ထို့အပြင် ပြည်သူများ၏ တောင်းဆိုချက်များအရ နေအိမ်များ မီးဘေးအန္တရာယ်မှကာကွယ် နိုင်ရန်ရပ်ကွက်အတွင်းရှိ ထူထပ်‌နေသောခြုံပင်၊မြက်ပင်များ ရှင်းလင်းပေးပြီး အိမ်ခြံမြေအကွက်ပေါင်း ၃၀ကျော် လုပ်ဆောင်ပေးပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အထူးသဖြင့် စစ်ကောင်စီတပ်စွဲခဲ့တဲ့ မိုးဗြဲမြို့က ရပ်ကွက်တွေမှာ တိုက်မိုင်း၊နင်းမိုင်း ၁၀လုံးကျော်ရထားပါတယ်။ပြီးတော့ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေက တောင်းဆိုလို့ သူတို့ခြံတွေကိုပါ သန့်ရှင်ရေး လုပ်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိ ကရင်နီပူးပေါင်းတပ်များ၏ ‘၁၁၁၁စစ်ဆင်ရေး’အရ ဒီးမောဆိုနှင့် လွိုင်ကော် တို့တွင်ဆက်လက်ပါဝင် လှုပ်ရှားနေကြောင်းလည်း အသိပေးသည်။

နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သည့် ၁၁၁၁ စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို နိုဝင်ဘာ တတိယပတ်တွင် စတင်ထိန်းချုပ်နိုင်ခဲ့ပြီး မြို့အနီးရှိ စစ်ကောင်စီ ခမရ(၄၂၂)တပ်တစ်ခုကိုသာ သိမ်းပိုက်ရန်သာ ကျန်ရှိတော့ကြောင်း မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေးမဟာမိတ်အင် အားစုက ကြေညာထားသည်။

သတင်းထုတ်ပြန်ခြင်း

ကျွန်တော်တို့Mobye Local PDF သည် လိုင်းအခက်အခဲများကြောင့်သတင်းများကိုအချိန်နှင့်သပြေးညီးမထုတ်ပြန်နိုင်ပါ။ ၁၁၁၁စစ်ဆင်ရေးကို

ဒီမောဆို၊လွိုင်ကော်ဖက်တွင်ဆက်လက်ပါဝင်လှုပ်ရှားနေပါသည်။ ထို့အပြင် မိုးဗြဲမြို့အတွင်းရှိ စကစတပ်စွဲခဲ့‌သော ရပ်ကွက်တစ်ချို့ကို၂၀.၁၁.၂၀၂၁ရက်‌နေ့ကစ၍မိုင်းရှင်းလင်းရေးပြုလုပ်ပြီး မိုင်းပေါင်း၁၀လုံးကျော် ရှင်းလင်းနိုင်ခဲ့‌

ပါသည်။ ထို့နောက် မိဘပြည်သူများ၏တောင်းဆိုချက်များအရ ကျန်ရှိနေ‌သေးသော မိဘပြည်သူများ၏နေအိမ်များ မီးဘေးအန္တရာယ်မှကာကွယ်နိုင်ရန် ရပ်ကွက်တွင်းရှိ ထူထပ်‌နေသောခြုံပင်မြက်ပင်များကို Mobye Local PDFမှ ရှင်းလင်းပေးပြီး အိမ်ခြံမြေကွက်ပေါင်း၃၀ကျော်ရှင်းပေးပြီးပြီဖြစ်သည်။

အခုတွင်လည်း မိုးဗြဲရပ်ကွက်အတွင်းရှိရပ်ကွက်တစ်ချို့ကိုဆက်လက်ရှင်းလင်းပေးနေ‌ကြောင်း

ကိုလဲ မိဘပြည်သူများ‌အား အသိပေးအပ်ပါသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံ

Mobye Local PDF

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top