အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိနေအိမ်များရှေ့တွင် လမ်းခင်းကျောက်များကို ရွှေချ ယတြာချေ

ပုသိမ်မြို့အခြေစိုက်၊ အနောက်တောင်တိုင်းစစ် ဌာန ချုပ်ရှိ အရာရှိနေအိမ်ရှေ့များတွင် လမ်းခင်းကျောက်များကို ရွှေချကာ ယတြာချေနေ ကြောင်း သိရသည်။

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ တောင်ပေါ်တန်းရှိ တိုင်းစစ် ဌာနချုပ်အတွင်း အရာရှိအိမ်ရာ၌ အရာရှိနေအိမ်များရှေ့တွင် လမ်းခင်းကျောက်များကို ဝါးထရံများဖြင့် ကာရံပြီး ရွှေချကာ ဆီးမီး၊ အမွှေးတိုင်၊ ပန်းများဖြင့် ပူဇော်ကာ ယတြာချေမှုများ ပြုလုပ်နေကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံမှ သိရသည်။

“အရာရှိနေအိမ်တွေ‌ရှေ့မှာ လုပ်ထားတာ။ သဘောက တော့ သွားလမ်း၊ လာလမ်းဖြောင့်ဖြူးအောင်၊ အဖု အထစ်မရှိအောင်ပေါ့။ ရောက်နေတဲ့ စစ်မြေပြင် အောင်မြေဖြစ်အောင် လုပ်တဲ့ယတြာလို့သိရတယ်”ဟု နတခအတွင်းရှိ တပ်တွင်းမိသားစု၀င်တစ်ဦးကပြောသည်။

လမ်းခင်းကျောက် တစ်ကျင်းစာခန့်ကို ရွှေချပြီး သက်ဆိုင်ရာအရှိနေအိမ်ရှေ့များတွင် ယတြာပြုလုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ စစ်ကောင် စီတပ်များကို ယခုလက်ရှိစစ်ရေးပြင်းထန်နေသော ရခိုင်ပြည်နယ်၊ ရှမ်းမြောက်နှင့် ပဲခူးတိုင်းဒေသများသို့ ပို့ဆောင်ထားရာ သေဆုံးမှုများနေခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ အရာရှိစစ်သည်မိသားစု၀င်များမှ ယတြာ ချေမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အမြောက် တပ် (အမတ-၃၄၄)ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များကို စစ်ရေးပြင်းထန်သည့် ရှေ့တန်းသို့ပို့ဆောင်ခဲ့ရာ သေ ဆုံးမှုများသည့်အတွက် မိသားစု၀င်များက တပ်အတွင်း၌ ဘုန်းကြီးများပင့်ကာ ခိုးဝှက်၍နာရေးပြု လုပ်နေရကြောင်း ဧရာဝတီတိုင်းမ်က သတင်းရေးသားဖော်ပြထားပြီး ဖြစ်သည်။

ယခုကဲ့သို့ တပ်အတွင်း၌ သေဆုံးမှုများနေသော် လည်း အမြေက်တပ်၏ တပ်ရင်းမှူးက လူအရှိစာရင်း ပြကာ တပ်ရိက္ခာနှင့် လစာများကို ထုတ်ယူနေသည်ဟုလည်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *