အရှုံးကို လက်မခံနိုင်သေးသည့် စစ်ကောင်စီဘက်မှ အရပ်သားပြည်သူများကို ထပ်မံပစ်မှတ်ထား တိုက်ခိုက်နေဟု TNLAထုတ်ပြန်

စစ်ရေးဗျူဟာကျသော တပ်စခန်းကြီး၊ ငယ်များအပြင် အချက်အချာကျသည့် ရှမ်းမြောက်မြို့ကြီးများအား နေ့စဉ်ရက်ဆက် ဆုံးရှုံးနေရသော စစ်ကောင်စီမှ အရှုံးကိုလက်မခံနိုင်ပဲ စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သားပြည်သူများအား ပစ်မှတ်ထား ဦးတည်တိုက်ခိုက်မှုအား ပိုမိုပြုလုပ်နေကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေး ၆၄ ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာ ၂၉ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ စစ်ကောင်စီမှ ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ နမ္မတူမြို့နယ်၊ မန်လီ‌ကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ဂျက်ဖိုက်တာဖြင့် (၂) ကြိမ် လာရောက်ကာ ဗုံး (၃) ကြိမ်ဖြင့် လာရောက်ပစ်ချခဲ့သဖြင့် ဘုန်းကြီး‌ကျောင်းဆောင်တစ်ခုလုံး ပျက်စီးခဲ့ရပြီး အနီးအနားရှိ အသက် (၂၀) အရွယ် ကျောင်းဆရာမ တစ်ဦးလည်း သေဆုံးခဲ့ရသည်။

ထို့အပြင် နမ္မတူမြို့တံတားအနီးသို့ ဂျက်လေယာဉ်ဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အနီးအနားရှိ ဒေသခံ (၄) ဦးသည် ဗုံးစထိမှန်ခဲ့၍ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး သီပေါမြို့နယ်၊ နမ့်ဟူးနွဲ‌ကျေးရွာသို့လည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာတွင်းရှိ ဘုန်းကြီးကျောင်းဆောင် အပါအဝင် ဇရပ်တစ်လုံး လုံးဝ ပြိုကျပျက်စီးခဲ့ရသည်။

စစ်ကောင်စီအဖို့ ဒီဇင်ဘာ ၂၉ ယမန်နေ့ တစ်ရက်တည်းတွင်ပင် အကြိမ် ၆၀ ကျော် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တအာင်းပြည်နယ်အတွင်းမှ လားရှိုးမြို့နယ်ရှိ ၎င်းအခြေစိုက်တပ်စခန်းမှ နမ္မတူ (၁၀၅) မိုင်ကုန်း၊ နားဆော့ကျေးရွာ၊ ဟိုလောင်းကျေးရွာအနီးတစ်ဝိုက်သို့ လက်နက်ကြီး ဖြင့် (၄၈) ကြိမ်၊ မူဆယ်မြို့နယ်ရှိ ၎င်းအခြစိုက်တပ်မှ (၁၀၅) မိုင် ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄) ကြိမ်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင် မြို့နယ်ရှိ ၎င်းအခြေစိုက်တပ်မှလည်း ပန်ဆေးကျေးရွာသို့ လက်နက်ကြီးဖြင့် (၇) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ကြူရှောကျေးရွာနှင့် နမ့်ယွန်ကျေးရွာအနီးသို့ လက်နက်ကြီးဖြင့် (၄) ကြိမ်၊ အထက်ညောင်ကုန်းကျေးရွာသို့လည်း လက်နက်ကြီးဖြင့် (၉) ကြိမ် အရပ်ဖက်ပစ်မှတ်များအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအောင်းတပ်မတော် TNLA အနေဖြင့် နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုန်၊ မိုင်းလုံမြို့နှင့် နမ္မတူမြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ အရပ်သားပစ်မှတ်များတို က်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း‌ဒေသအနှံ့ ကလေးငယ် ၂၆ ဦးအပါအဝင် အရပ်သားပြည်သူ ၁၆၂ ဦး အထိသေဆုံးကာ ၃၀၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ သတင်းမှတ်တမ်းများအရ သိရသည်။

မတ္တရာမြို့နယ်၊ ဥဒိန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော် ပြာကျ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဥဒိန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ကျော် ပြာကျခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်ကပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီလောက်ကစတင်ကာ မတ္တရာမြို့နယ်၊ ဥဒိန်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“မတ္တရာ ဥဒိန်ရွာကို စစ်ခွေးတွေ ဒီနေ့ ၇ နာရီလောက်က စပြီး မီးရှို့တာပါ။ မီးကတော့ ငြိမ်းသွားပါပြီ စစ်ခွေးတွေ မီးရှို့ဖျက်ဆီးလို့ နေ​အိမ် ၂၀ ကျော်လောက် ပျက်စီးသွားပါတယ်” ဟု မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဥဒိန်ရွာမှ ပန်းယျကျေးရွာဘက်ကို ပြန်လည် ဆုတ်ခွာသွား​ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *