ရန်ကုန်မှာ Gym အတူဆော့သူရဲ့အ‌မေကို ဓားနဲ့အချက်ပေါင်း၃၀ကျော်ထိုးပြီးအနုကြမ်းစီး

ရန်ကုန်မှာ Gym အတူဆော့ပြီးအိမ်ကိုဝင်ထွက်သွားလာနေတဲ့သူက သူငယ်ချင်းဖြစ်သူရဲ့အမေကို ဓားနဲ့အချက်ပေါင်း ၃၀ ကျော်ထိုးပြီးအနုကြမ်းစီးမူဒီဇင်ဘာ ၃၀ရက်နေ့ ဒီနေ့မှာဖြစ်ပွားခဲ့ပါတယ်။

ဓားနဲ့အထိုးခံရတဲ့အမျိုးသမီးရဲ့သားနဲ့ကျူးလွန်သူအမျိုးသားတို့ဟာGymအတူဆော့ရင်းလွန်ခဲ့တဲ့တနှစ်ကျော်က ခင်မင်ခဲ့တာလို့ သိရပါတယ်။

သူငယ်ချင်းဖြစ်သူနေအိမ်မှမရှိခင် အခြားသူတစ်ဦးနဲ့ပူပေါင်းကျူးလွန်ခဲ့တာလို့ ကျူးလွန်ခံခဲ့ရသူရဲ့သားကလူမူကွန်ယက်ပေါ်ကနေတဆင့်အသိပေးထားပါတယ်။

ဓားနဲ့ထိုးခံခဲ့ရတဲ့ အမျိုးသမီးဟာလည်ပင်းပြတ်ရှဒဏ်ရာ၊အဆုတ်ဓားထိဒဏ်ရာ၊ဝမ်းဗိုက်ပြင်းထန်ဒဏ်ရာတွေနဲ့အရေးပေါ်ကုသမူခံယူနေရပြီး၊ကျူးလွန်သာအမျိုးသားကိုဖမ်းမိထားတယ်လို့ ဒဏ်ရာရရှိခဲ့သူရဲ့သားက အသိပေးထားပါတယ်။

လက်ရှိပြစ်မှုကျူးလွန်သူ ခန့်ငြိမ်းဖြိုးကို ဖမ်းဆီးထားပြီး သူနဲ့ပါလာတဲ့အဖော်တယောက်တော့ လွတ်သွားတယ်လို့ သိရပါတယ်။

ကိုခန့်ငြိမ်းဖြိုး က ကျွန်တော်နဲ့ Gym အတူဆော့ရင်းခင်တာပါ တနှစ်ကျော်လောက်ရှိပါပီ

လွန်ခဲ့တဲ့ ၆ လလောက်က သူအလုပ်လုပ်မှာမို့ ကျွန်တော်စီ သူ့ရဲ့ စက်ဘီးကိုရောင်းပါတယ်

ကျွန်တော်အတွက် မလိုအပ်တာမို့ မဝယ်ခဲ့ပါဘူး ငွေလိုရင် ယူထားဖို့ပြောပြီး စက်ဘီးတော့ အာမခံအနေနဲ့ အပ်ထားဖို့ပြောပြီး ၁၅၀၀၀၀ ပေးခဲ့ပါတယ်

Dec 22 က စက်ဘီး လာပြန်ယူပါတယ်

၁၅၀၀၀၀ အပြည့်မပေးပဲ ၁၂၀၀၀၀ နဲ့ samsaung A20 တလုံးနဲ့ ပေးပြီး နောက်၃ရက်နေရင် ၃သောင်းနဲ့ လာယူမယ်လို့ပြောပါတယ်

Dec 28ရက်နေ့မှာ ဖုန်းလာယူမယ်ပြောပြီး အိမ်မှာ မနက် ၉မှ နေ့လည် ၂နာရီအထိ လာနေပါတယ် ဖုန်းပြန်မရွေးသေးပဲ သူ့အိမ်မှာ မနေချင်လို့ ခထွက်လာတာလို့ပြောပြီး ပြန်သွားပါတယ်

ဒီနေ့ မနက် ကျွန်တော်ကို ph ဆက်ပါတဉ် (၁၀:၀၀)ဝန်းကျင်ခန့်ကပါ အကို gymမှာလား အိမ်မှာရှိလားမေးပါတယ် ကျွန်တော် လှည်းတန်းရောက်နေကြောင်းပြောတော့ သူph အရေးတကြီးလိုလို့ ရွေးချင်တယ်လို့ပြောပါတယ်

ကျံန်တော်က အိမ်မှာမရှိကြောင်းနဲ့ အိမ်က အမေကို ပိုက်ဆံ ၃သောင်းပေးပြီး ယူလို့ရကြောင်းပြောပါတယ်

သုအပြင် သူ့အဖော်တစ်ဦးနဲ့ အိမ်က်ုလာကြောင်းသိရပါတယ် အမေက ဖုန်းယူပေးတဲ့အချိန် ပါလာတဲ့စတီးဓားနဲ့ စထိုးတယ်လို့လဲ သိရပါတယ်

အခု လက်ရှိ ခန့်ငြိမ်းဖြိုးကို ဖမ်းမိထားပါတယ်

နောက်ထပ် အဖော်တစ်ဦး က လွတ်မြောက်နေပါတယ်

ရန်ငြိုးရန်စ ရှိရလောက်အောင်အထိ စကားသံမာမာတောင် မပြောဖူးပါဘူး

အချင်းချင်း နောက်ပြီး ကျွန်တော်က သူ့အကူအညီလိုနေတဲ့အချိန် ပိုက်ဆံထုတ်ပေးပြီး ကူညီပေးထားတာပါ

အဲ့အတွက် ဘာကြောင့်လုပ်လဲ ဘာလိုချင်လိုလုပ်လဲ သေချာသိချင်ပါတယ် စဉ်းစားလို့လဲ မရပါဘူး ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်

ကျွန်တော်အမေ အသက်အန္တရာယ်ကင်းရင် ကျေနပ်ပါတယ်

ကျွန်တော်အတွက် ကျွန်တော်အမေက ဘဝပါဗျာာ


Comments

Leave a Reply

Your email address will not be published. Required fields are marked *