သင်္ကန်းအရေခြုံ အယောင်ဆောင် ကတုံးမကြီး

သင်္ကန်းအရေခြုံ အယောင်ဆောင်ကတုံးမကြီး❗❗❗

ဒီမနက် ၁၀နာရီခွဲ ကျင်းလုံမြန်မာနားမှာ သီလရှင်အန်တီကြီးက “ကလေးရေ ဟိုးနားကလမ်းဆုံအထိ လိုက်ခဲ့ချင်လို့ “ဆိုပီး တားရော

သူ့ကြည့်ရတာလဲချွေးတွေပြန်အိတ်ကြီးနဲ့ဆိုတော့ လမ်းတဖြောင့်ထဲခေါ်သွားလိုက်မယ်ဆိုပြီး တင်လာတာ

ဆရာလေးက ၇၄ မင်္ဂလာလမ်းကနေ ဟိုးအရှေ့ထဲထိမောင်းခိုင်းတာတော်

စတက်ပါပီဆိုကတည်းက လက်တဖက်ကခါးကိုဖက်ထားတာ

နောက်တဖက်က အိတ်ထဲကနေ 🔪 နဲ့ထောက်ထားတာ မအော်နဲ့”အရှေ့ထိဆက်မောင်းဆိုပြီးပြောတာ

ကိုယ်လဲ တအားကြောက်သွားတာ လမ်းတွေ့သမျှလူတွေကို မျက်နှာအမူရာ ပါးစပ်ကနေ ကပ်ပါ””ကြောက်နေတဲ့ပုံအကုန်လုပ်ပြ

ကံကောင်းချင်တော့ သူမောင်းခိုင်းတဲ့လမ်းတွေက ခလုတ်တွေ ခဲအကြီး”တွေရှိနေတာ

ကိုယ်လဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး အဲ့လမ်းကြမ်းတွေပေါ်ကနေတက်မောင်းပစ်တာ

အဲ့မှာသူလဲ လျှောလျှောကျလို့နေမယ်

အနောက်ကို လက်ကဖြုတ်ပြီး ဆုတ်ထိုင်တဲ့အချိန်

ကိုယ်လဲ လက်ပြန်မျက်လုံးကနေနှိုက်ပြီး စောင့်တွန်းပစ်တာ

ဖြစ်ချင်တော့ ခဲကြီးနဲ့ဘီးချော်နေတဲ့အချိန်သူလဲ အနောက်ကိုကားယားကြီး ကျနေခဲ့တာ

အဲ့မှာ ရှိသမျှအသံ အားနဲ့ အသေအော်ပြီး ဆိုင်ကယ်ကိုမောင်းတော့တာဘဲ

လမ်းထိပ် CP ဆိုင်ကြီးနားရောက်မှ ရပ်နိုင်တော့တယ်။

နောက်တော့ ဘယ်လိုလူမျိုးမှ ဘယ်လိုအကြောင်းနဲ့မှ ဆက်မကူညီတော့ဘူး

ကံကောင်းလို့ ဘာတခုမှဖြစ်မလာတာ ဗိုက်မှာတော့ ⚔️နဲ့ခြစ်မိတဲ့ အစင်းလေးသေး”ကလွဲရင် ဘာမှမဖြစ်ခဲ့တာ

တကယ်လက်လန်ပါတယ် လူတွေရယ်😭😭😭


Comments

Leave a Reply

Your email address will not be published. Required fields are marked *