ဒီဇင်ဘာလတိုက်ပွဲများတွင် ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး အဆင့် အရာရှိ ၁၈ ဦးသေဆုံးပြီး ၃ ဦး စစ်သုံ့ပန်းအဖြစ် အဖမ်းခံရ

ဒီဇင်ဘာလတိုက်ပွဲများတွင် ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး အဆင့် အရာရှိ ၁၈ ဦးသေဆုံးပြီး ၃ ဦး စစ်သုံ့ပန်းအဖြစ် အဖမ်းခံရ ၊ အငယ်တန်းအဆင့်အရာရှိအဖြစ် ဗိုလ်ကြီး ၈ ဦးသေဆုံးပြီး ဗိုလ်ကြီး ၅ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် နိုင်ငံတစ်ဝန်း ဒီဇင်ဘာလအတွင်း တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး အဆင့် အရာရှိ ၁၈ ဦးသေဆုံးပြီး ၃ ဦး စစ်သုံ့ပန်းအဖြစ် အဖမ်းခံရကြောင်း၊ အငယ်တန်းအဆင့်အရာရှိအဖြစ် ဗိုလ်ကြီး ၈ ဦးသေဆုံးပြီး ဗိုလ်ကြီး ၅ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရကြောင်း ရန်ကုန်ခေတ်သစ်က စုဆောင်းထားသော ကိန်းဂဏန်းများအရ သိရှိရသည်။

၁- ဗိုလ်မှူးချုပ် မင်းမင်းထွန်း (စစ်တက္ကသိုလ်အပတ်စဉ် ၄၀)

တပ်မမှူး အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ ပခုက္ကူ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင် ဗိုလ်မှူးချုပ် မင်းမင်းထွန်း အဆက်အသွယ်မရရှိတော့ဘဲ ပျောက်ဆုံးသွားရာ သေဆုံး (သို့မဟုတ်) ဖမ်းဆီးခံရဟု စစ်တပ်ဘက်က မှတ်ချက်ပြုထားကြောင်း ၊ ၎င်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၀ ကျောင်းဆင်းဖြစ်ပြီး ပခုက္ကူအခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးဖြစ်ကြောင်း သိရှိရသည်။

၂။ ဗိုလ်မှူး၊ တပ်ခွဲမှူး ၊ ခမရ ၅၄၅

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ ည ၁၁ နာရီအချိန် ရှီးရှမ်းဒေသ ရှောက်ကိုင်ကြည် နေရာ လမ်းခွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို တွေ့ရှိရသဖြင့် ၁ ဦးကို ပစ်ခတ်ပြီး ၇ ဦးဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စကခ ၁၂ လက်အောက်ခံ ခမရ ၅၄၅ မှ ၂ ဦး ၊ ခမရ ၅၄၇ မှ ၂ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦး ဖြစ်ကြပြီး သေဆုံးသွားသူမှာ တပ်ခွဲမှူး ဗိုလ်မှူး ဖြစ်ပြီး တာရွှေထန် အမြောက်တပ်ရင်းမှ ကုန်းကြမ်းသို့ ပြောင်းရွှေ့ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

၃။ ဗိုလ်မှူး ထွန်းထွန်းလတ် (၃၆-နှစ်)

ခမရ ၃၅၇ ၊ စကခ ၁၂ ၊ ကော့ကရိတ် အခြေစိုက်

ဒီဇင်ဘာလ လဆန်ပိုင်း( ၂ ရက်နေ့မှ ၈ ရက်နေ့အထိ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်မှ တာ့ရွှေထန်သို့ တပ်ပျက် ဆုတ်ခွာကြစဉ် MNDAA က ကြားဖြတ် တိုက်ခိုက်ရာ ဆီးခုံ ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

၄။ ဗိုလ်မှူး ဝင်းမင်းထွန်း (၃၉-နှစ်)

ခလရ ၂၄၀

ဒီဇင်ဘာလ လဆန်ပိုင်း( ၂ ရက်နေ့မှ ၈ ရက်နေ့အထိ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်မှ တာ့ရွှေထန်သို့ တပ်ပျက် ဆုတ်ခွာကြစဉ် MNDAA က ကြားဖြတ် တိုက်ခိုက်ရာ ဘယ်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသည်။

၅။ ဗိုလ်မှူးကြီး ဗညားပိုင်စိုး တေဇ-၂၉

ဗျူဟာမှူး ၊ နှုံးဘူး ဗျူဟာ ၊ ပလက်ဝမြို့နယ် ၊ ချင်းပြည်နယ်။

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ စစ်ကောင်စီ၏ နှုံးဘူး ဗျူဟာစခန်းကို AA က ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ခန့်က သိမ်းပိုက်ခဲ့ရာ ဗိုလ်မှူးကြီး ဗညားပိုင်စိုး (တေဇ-၂၉) သေဆုံးခဲ့သည်။

၆။ ဗိုလ်မှူး ကျော်သူထွေး

ခလရ ၂၅၄ စလင်းမြို့

ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက် ၄ နာရီအချိန် TNLA က နမ့်ဆန် မြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်စဉ် ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော အင်အား ၂၁ ဦးပါ စစ်ကြောင်းသည် ခလရ ၂၅၄ မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းတွင် သွားရောက် ပူးပေါင်းခဲ့ကြကြောင်း၊ အဆိုပါ ပူးပေါင်း စစ်ကြောင်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် TNLA က တိုက်ခိုက်ရာမှ ဗိုလ်မှူး ကျော်သူထွေးသေဆုံးခဲ့သည်။

၇။ ဒုရဲမှူးကြီး ထွန်းစိုးသိန်း

နမ့်ခမ်း ၊ မြို့မရဲစခန်း

ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက် ၄ နာရီအချိန် TNLA က နမ့်ဆန် မြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်စဉ် ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော အင်အား ၂၁ ဦးပါ စစ်ကြောင်းသည် ခလရ ၂၅၄ မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းတွင် သွားရောက် ပူးပေါင်းခဲ့ကြကြောင်း၊ အဆိုပါ ပူးပေါင်း စစ်ကြောင်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် TNLA က တိုက်ခိုက်ရာမှ ဒုတိယရဲမှူးကြီး ထွန်းစိုးသိန်း သေဆုံးခဲ့သည်။

၈။ ဗိုလ်မှူး

စစ်ကြောင်းမှူး ၊ ခလရ ၂၅၁၊ ပခုက္ကူ

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပခုက္ကူမှ ထွက်လာသော ယာဉ် ၁၅ စီးပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းအတွက် လုံခြုံရေးယူပေးသော အင်အား ၁၂၀ ခန့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပခုက္ကူမြို့ ခလရ ၂၅၁ တပ်မှ စစ်ကြောင်းမှူး ဗိုလ်မှူး တစ် ဦးအပါအဝင် စစ်သား ၂၀ ခန့် သေဆုံးခဲ့သည်။

၉။ ဒု ဗိုလ်မှူးကြီး ငြိမ်းချမ်း

သေဆုံးရက် (၁၀-၁၅/၁၂/၂၀၂၃)

တပ်ရင်းမှူး ၊ ခလရ ၂၅၈ ရေစကြို နမ့်ဆန် တိုက်ပွဲ

ဒီဇင်ဘာလလယ် ( ၁၀ ရက်နေ့မှ ၁၅ ရက်နေ့ အထိ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန် တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်အရာရှိ ၁၅ ဦးထက် မနည်း သေဆုံးခဲ့ကြောင်းသိရှိရသည်။

၁၀။ ဗိုလ်မှူး

ခလရ ၂၅၈ ရေစကြို အခြေစိုက်

ဒီဇင်ဘာလလယ် ( ၁၀ ရက်နေ့မှ ၁၅ ရက်နေ့ အထိ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန် တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်အရာရှိ ၁၅ ဦးထက် မနည်း သေဆုံးခဲ့ကြောင်းသိရှိရသည်။

၁၁။ ဗိုလ်မှူးကြီး ရာဇာထွန်း

အမှတ် ၁၀၀၁ နည်းဗျူဟာမှူး ၊ တပ်မ ၁၀၁

ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ မန်တုံ တိုက်ပွဲတွင် သေဆုံး (သို့မဟုတ်) ထွက်ပြေးဟု စစ်တပ်သတင်းများက ဆိုသည်။ သို့ရာတွင် လက်ရှိ အဆက်အသွယ် ပြတ်တောက်မှု ပုံစံသည် သေဆုံးသည်ဟု မှတ်ချက်နိုင်ကြောင်း သိရှိရသည်။

၁၂။ ဒုတိယ ဗိုလ်မှူးကြီး လှထွန်း

တပ်ရင်းမှူး ၊ ခလရ ၁၃၀

ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ မန်တုံ မြို့သိမ်း တိုက်ပွဲတွင် သေဆုံး (သို့မဟုတ်) ထွက်ပြေးဟု စစ်တပ်သတင်းများက ဆိုသည်။ သို့ရာတွင် လက်ရှိ အဆက်အသွယ် ပြတ်တောက်မှု ပုံစံသည် သေဆုံးသည်ဟု မှတ်ချက်နိုင်ကြောင်း သိရှိရသည်။

၁၃။ ဗိုလ်မှူး

ဒု တပ်ရင်းမှူး ၊ ခလရ ၁၃၀

ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ မန်တုံ မြို့သိမ်း တိုက်ပွဲတွင် သေဆုံး (သို့မဟုတ်) ထွက်ပြေးဟု စစ်တပ်သတင်းများက ဆိုသည်။ သို့ရာတွင် လက်ရှိ အဆက်အသွယ် ပြတ်တောက်မှု ပုံစံသည် သေဆုံးသည်ဟု မှတ်ချက်နိုင်ကြောင်း သိရှိရသည်။

၁၄။ တပ်ခွဲမှူး ဗိုလ်မှူး

မောရဝတီ ရေတပ်ဌာနချုပ် ၊ ရေဖြူမြို့နယ်

၂၀၂၃ ဒီဇင်ဘာလ ၁၅ ရက်နေ့က ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာ အခြေစိုက် မောရဝတီ ရေတပ်ဌာနချုပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဌာနချုပ်မှူး အိမ်အနီးနှင့် ရေတပ်အတွင်းရှိ နေရာ တော်တော်များများကို ကျရောက် ပေါက်ကွဲခဲ့ပြီး တပ်ခွဲမှူး ဗိုလ်မှူး တစ်ဦး အပါအဝင် ၅ ဦး သေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၁၅။ ဒု ဗိုလ်မှူးကြီး အေးမင်း

တပ်ရင်းမှူး ၊ ခလရ ၅၀ ဂန့်ဂေါ

၂၀၂၃ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီခန့်အချိန် မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီ ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ခလရ ၅၀ မှ ဒုတိယ ဗိုလ်မှူးကြီး အေးမင်း အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း YRA ထီးလင်းမှ သခင်ဇော်က ပြောသည်။

၁၆။ ဗိုလ်မှူး၊ စကခ ၇

ရှမ်းပြည်နယ်မြောက်ပိုင်း ၊နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းသည် အင်အား ၉၀၀ နီးပါးရှိသည့် စကခ ၇ နှင့် လက် အောက်ခံ တပ်ဖြစ်သည့် ခလရ ၂၆၁ ၊ ခမရ ၂၄၆ ၊ ခမရ ၂၄၅ နှင့် ဒကစ တို့က လာရောက် ထိုးစစ်ဆင် စခန်းချသည့် တပ်စခန်းများ ဖြစ်ကြောင်း၊ နမ့်ခမ်း စခန်းသစ် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့် အပါအဝင် အလောင်းများစွာ နှင့် စစ်သုံ့ပန်း အဖြစ် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး ဖမ်းဆီးရမိခဲ့ပြီးလက်နက်ကြီး အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့သည်။

၁၇။ ဗိုလ်မှူး / ဒု ဗိုလ်မှူးကြီး

ဒု တပ်ရင်းမှူး ၊ စစ်ကြောင်းမှူး

မြိုင်-ပကဖ က တွင်းမ ပျူရွာတွင် ရပ်တန့်နေရာမှ ရှေ့ဆက် ထွက်လာသော စစ်ကောင်စီ၏ ထောက်ပို့စစ်ကြောင်းကို ၂၀၂၃ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန် လမ်းပိုင်း တစ်နေရာတွင် (ပေပါ) မိုင်းကြီးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ထိုစစ်ကြောင်းမှ ဒု တပ်ရင်းမှူး သေဆုံးသွားကြောင်း၊ ယင်းနောက် တွင်းမ ပျူရွာတွင် (၂)ရက်ခန့် ရပ်တန့်နေပြီး တပ်ရင်းမှူး ဦးစီး၍ ရှေ့ဆက် ထွက်လာရာ နှမ်းဆီကန် ကျေးရွာသို့ ရောက်ရှိလာချိန် ပြည်သူများ၏ စားနပ်ရိက္ခာများကို ခိုးယူ စားသောက်နေခဲ့ကြောင်း သိရှိရသည်။

၁၈။ ဒုတိယ ရဲမှူးကြီး ညွန့်လွင်ဦး

ခရိုင် ရဲတပ်ဖွဲ့မှူး၊ လောက်ကိုင်မြို့နယ်

ဒီဇင်ဘာလ လကုန်ပိုင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ညွန့်လွင်ဦးသည် လောက်ကိုင်မြို့တွင် စနိုက်ဘာ ထိမှန် သေဆုံးသည်။

ဒုတိယ ရဲမှူးကြီး ညွန့်လွင်ဦးသည် ဒီဇင်ဘာ လလယ်က ရဲစခန်း တိုက်ခိုက်ခံရစဥ်ကလည်း ဒဏ်ရာ ရခဲ့ပြီး ဒဏ်ရာ သက်သာ၍ တာဝန် ပြန်ထမ်းဆောင်စဉ် စနိုက်ဘာ ကျည်ထိမှန်ခြင်း ဖြစ်သည်။ ၎င်းသည် မူလက ရဲလေ့ကျင့်ရေးဌာနတွင် ရဲမှူးရာထူးဖြင့် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၃ နှစ်လယ်တွင် ရာထူးတိုးကာ လောက်ကိုင်ခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။

လက်နက်ချသူ စစ်အရာရှိကြီး ၃ ဦးမှာ

၁။ ဗိုလ်မှူး ကျော်လတ်ခိုင် (၃၉) နှစ်

ဒုရင်းမှူး ၊ ခလရ(၈၄) ဆွာ အခြေစိုက်

ပဲခူးတိုင်း မုန်းမြို့သိမ်း တိုက်ပွဲ စစ်ကူ လာသော တပ်ဖြစ်သည့် ခလရ ၈၄ ဆွာမှ ဗိုလ်မှူးကျော်လတ်ခိုင်သည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် လက်နက်ချ အညံ့ခံသည်။ ၎င်းသည် ခလရ ၈၄ ဆွာအခြေစိုက်တပ်၏ ဒုတိယတပ်ရင်းမှူးဖြစ်သည်။

၂။ ဗိုလ်မှူး စိုင်းကျော်သူအောင်

စကခ-၇၊ ခမရ ၄၂၆ ၊ ဘန်းယဉ်မြို့ အခြေစိုက်

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ်တပ်စခန်း မကျဆုံးရေးအတွက် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သော စစ်ကူအင်အား ၁၀၀ ခန့် ကို TNLA က လိုက်လံချေမှုန်းခဲ့ရာ ဒီဇင်ဘာ (၁၅)ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီ အလောင်းများစွာ နှင့် စကခ ၇ မှ ဗိုလ်မှူး စိုင်ကျော်သူအောင် အပြင် တပ်ကြပ်ကြီး မျိုးမင်းသန့်၊ တပ်သား အောင်မျိုးခိုင်၊ တပ်သား ကောင်းထက်ဇော် တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု တော်လှန်ရေးတပ်က သတင်းထုတ်ပြန်ခဲ့သည်။

၃။ ဗိုလ်မှူး မြင့်ကျော်

ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီအချိန်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီ စခန်းသစ် တပ်စခန်းမှ ဗိုလ်မှူး မြင့်ကျော် ဦးဆောင်သည့် စစ်သည်များက လက်နက်ချခဲ့ကြသည်။

ဒီဇင်ဘာလ တိုက်ပွဲများတွင် သေဆုံးသည့် အငယ်တန်းအဆင့် အရာရှိ ဗိုလ်ကြီး ၈ ဦးမှာ

၁။ ဗိုလ်ကြီး ဖြိုးမင်းထက်

ချင်းပြည်နယ်၊ မတူပီ-မင်းတပ် လမ်းပိုင်းရှိ စစ်တပ်၏ ကာကင်းကုန်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး

ဖြိုးမင်းထက် အပါအဝင် ၇ ဦး သေဆုံးပြီး လက်နက် (၃)လက် ရရှိခဲ့ကြောင်း CDF-Matupi က ထုတ်ပြန်ထားသည်။

၂။ ဗိုလ်ကြီး

တပ်မ ၄၄ လက်အောက်ခံတပ်

၂၀၂၃ ဒီဇင်ဘာလ ၄ ရက် ညနေ ၃ နာရီ ၅၂ မိနစ်တွင် ဘီးလင်းမြို့နယ်ဘက်မှ ရန်ကုန်မြို့ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ-၄၄ စစ်တပ်ယာဉ် (၇)စီးကို ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း (ကွာရီအပိုင်) လမ်းကွေ့ တစ်ခု၌ လက်လုပ် မိုင်းအကြီး ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ စီး မြောက်ယာဉ်၏ ညာဘက်ခြမ်း ထိခိုက်ပျက်စီးသွားခဲ့ပြီး မောင်းပြေးသွားကြောင်း၊ စစ်တောင်းတံတား ကျော်လွန်ပြီး တဖက်ကမ်း အရောက်၌ သေဆုံးသွားသော (၃)ပွင့်ဗိုလ် အပါအဝင် (၅)ဦးနှင့် ဒဏ်ရာရရှိသူ (၆)ဦးကို ကား ပေါ်မှချကာ ကား(၅)စီးဖြင့် ရန်ကုန်ဘက်သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။

၃။ ဗိုလ်ကြီး

စကခ-၇၊ ခမရ(၄၂၆) ဘန်းယဉ်မြို့ အခြေစိုက်

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ် တပ်စခန်း မကျဆုံးရေးအတွက် ဒီဇင်ဘာ (၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သော စစ်ကူအင်အား ၁၀၀ ခန့် ကို TNLA က လိုက်လံချေမှုန်းခဲ့ရာ ဒီဇင်ဘာ (၁၅)ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီ အလောင်းများစွာ နှင့် စကခ(၇)မှ ဗိုလ်မှူး စိုင်းကျော်သူအောင် အပြင် တပ်ကြပ်ကြီး မျိုးမင်းသန့်၊ တပ်သား အောင်မျိုးခိုင်၊ တပ်သား ကောင်းထက်ဇော် တို့ကို ဖမ်းဆီးရမိခဲ့သည်။

၄။ ဗိုလ်ကြီးတစ်ဦး ဒီဇင်ဘာလ အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံတိုက်ပွဲတွင် သေဆုံးသည်။

၅။ ဗိုလ်ကြီး အောင်ပြည့်ဖြိုး (၃၃-နှစ်)

ခမရ -၃၅၇

ဒီဇင်ဘာလ လဆန်ပိုင်း( ၂ ရက်နေ့မှ ၈ ရက်နေ့အထိ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်မှ တာ့ရွှေထန်သို့ တပ်ပျက် ဆုတ်ခွာကြစဉ် MNDAA က ကြားဖြတ် တိုက်ခိုက်ရာမှ သေဆုံးသည်။

၆။ ဗိုလ်ကြီး ဇွဲမြင့်မောင် (၂၉-နှစ်)

တမဟ(၁၆) လက်အောက်ခံ တပ်ရင်း

ဒီဇင်ဘာလ လဆန်ပိုင်း( ၂ ရက်နေ့မှ ၈ ရက်နေ့အထိ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်မှ တာ့ရွှေထန်သို့ တပ်ပျက် ဆုတ်ခွာကြစဉ် MNDAA က ကြားဖြတ် တိုက်ခိုက်ရာမှ သေဆုံးသည်။

၇။ ဗိုလ်ကြီး မြတ်သူအောင် (၃၀-နှစ်)

ခလရ ၂၄၀

ဒီဇင်ဘာလ လဆန်ပိုင်း( ၂ ရက်နေ့မှ ၈ ရက်နေ့အထိ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်မှ တာ့ရွှေထန်သို့ တပ်ပျက် ဆုတ်ခွာကြစဉ် MNDAA က ကြားဖြတ် တိုက်ခိုက်ရာမှ သေဆုံးသည်။

၈။ ဗိုလ်ကြီး ကျော်ဇင်မျိုး (၂၅-နှစ်)

ခလရ ၂၄၀

ဒီဇင်ဘာလ လဆန်ပိုင်း( ၂ ရက်နေ့မှ ၈ ရက်နေ့အထိ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်မှ တာ့ရွှေထန်သို့ တပ်ပျက် ဆုတ်ခွာကြစဉ် MNDAA က ကြားဖြတ် တိုက်ခိုက်ရာမှ သေဆုံးသည်။

စစ်သုံ့ပန်း ဗိုလ်ကြီး ၅ ဦးမှာ ခလရ ၇၂ မှ ဗိုလ်ကြီး နေလင်းအောင်၊ ခလရ ၈၄ ဆွာမှ ဗိုလ်ကြီး အာကာစိုး ၊ ဗိုလ်ကြီး နိုင်နိုင်ထွန်း (၃၄) နှစ် (ခလရ ၈၄ -ဆွာ) ၊ ဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်း ခမရ(၁၀၂) မုတ္တမ နှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှင့် ချင်းပြည်နယ်အစပ်၊ ဘုံးဇုံရွာ ရှိ စစ်ကောင်စီ ရဲစခန်းမှ ဗိုလ်ကြီးတစ်ဦးတို့ ဖြစ်ကြသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးတွင် သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *