မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်တွင် စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်မှု ကား ၃ စီးပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦး လမ်းပိုင်းပေါ်တွင် အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီး ပျက်စီးပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၁ – People Defence Force – South Monywa ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၇ နာရီ မိနစ် ၄၀ ခန့်က မုံရွာမြို့မှ ချောင်းဦးမြို့ဘက်သို့ ထွက်ခွာ လာသော Jummer ပါ သံပြားကာ ကားတစ်စီးနှင့် ၆ ဘီးကား ၂ စီးပါ ယာဉ်တန်းကို မုံရွာ -ချောင်းဦး လမ်းပိုင်းတနေရာ အရောက် မိုင်းအကြီး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီးစလုံး စုတ် ပြတ်သတ်သွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ကား ၃ စီးလုံးတော့ စုတ်ပြန်သတ်လို့ဗျ၊ တော်တော်အခြေနေ ဆိုးတယ်၊ ၃ စီးလုံးရပ်တန့်သွားတာ၊ ခဏနေတော့ စက်လက်နဲ့ရော လက်နက်ငယ်တွေနဲ့ပါ တရစပ်ပစ်တာ၊ နောက်ပွိုင့်တွေတောင် မခွဲ လိုက်ရဘူး၊ ခွေးသေထိခိုက်မှုတော့ အတိအကျ စုံစမ်းလို့ မရဘူးဗျ၊ တော်တော်ထိတယ်လို့ပဲ သိရ တယ်၊ ကား ၃ စီးစလုံးကို ထိတာပါ” ဟု မုံရွာခရိုင် တပ်ရင်း ၁၁ – People Defence Force – South Monywa မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa နှင့် Youth Vigor Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သားများက လမ်းဘေးဝဲယာသို့ စက်လက်များ၊ လက်နက်ငယ်များဖြင့် တရစပ် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီကားများနှင့် မလှမ်းမကမ်းနောက်မှ လိုက်ပါလာ သော ပြည်သူပိုင်မှန်လုံယာဉ်တစ်စီးလည်း မိုင်းစထိမှန် ရပ်တန့်သွားခဲ့ကြောင်း၊ မိဘပြည်သူများ အ နေဖြင့် အကြမ်းဖက်စစ်ကားများ ဖြတ်သန်းသွားလာနေပါက အဝေးမှသာနေ၍ သွားလာပေးကြပါ ရန်၊ အိမ်စီးကားများအနေဖြင့် မှန်ချမောင်းနှင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

ကာကွယ်ရေးဝန်ကြီးဌာန

မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်းဖြစ်သော

ကျွန်ုပ်တို့ People’s Defence Force – South Monywa သည်

Youth Vigor Revolution Forceနှင့်လက်တွဲ၍

1-Jan-2024/ မနက်၇နာရီ၄၀မိနစ်အချိန်တွင်

မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌

၂၀၂၄ခုနှစ် နှစ်ကူးအကြိုအဖြစ် မုံရွာမှထွက်လာသော စခသံပြားကာကား၁စီး(Jammerပါ)နှင့် ၆ဘီးကား၂စီးပါ ယာဥ်တန်းအား ထန်းလုံးMineအကြီး၂လုံးဖြင့် ဧည့်ခံရာမှ စခကား ၃ စီးလုံး အထိနာပြီး စုတ်ပြတ်သတ်ကာ ရပ်တန့်သွားခဲ့ပါသည်။

ကားပေါ်ပါစခများအနက် အများအပြား အသက်ပျောက်၍ မသေမရှင်စခများမှ စက်လက်၊ လနငယ်များဖြင့် ဘေးဘီဝဲယာအား တရစပ်Pyitခတ်သော်လည်း မိဘပြည်သူများပို့သသောမေတ္တာများကြောင့် ကျွန်ုပ်တို့ရဲဘော်များအထိအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါသည်။

စခကားတန်းအား ထန်းလုံးMineဖြင့်Tieခိုက်စဥ်အတွင်း နောက်မလှမ်းမကမ်းမှမောင်းနှင်လာသော ပြည်သူ့မှန်လုံကားလည်း တပိုင်းတစ်စထိမှန်၍ ရပ်တန့်သွားကြောင်းကြားသိရ၍ များစွာစိတ်မကောင်းဖြစ်မိပါသည်၊ မှန်လုံကားပေါ်ပါပြည်သူများအားလည်း အနူးအညွှတ်တောင်းပန်အပ်ပါသည်။

ပြည်သူများအနေဖြင့် စခကားများဖြတ်သန်းသွားလာနေပါက ခပ်ဝေးဝေးမှသာနေ၍ သွားလာပေးကြပါရန်နှင့် အိမ်စီးကားများမောင်းနှင်ပါကလည်း မှန်ချမောင်းနှင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

Leave a Comment