ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းနှင့် အားကစားရုံကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းနှင့် အားကစားရုံကို ယမန်နေ့ ညပိုင်း ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ ည ၉ နာရီ ၂၇ မိနစ်နှင့် ည ၉ နာရီ ၃၇ မိနစ်အချိန် ဒဂုံမြိုသစ်တောင်ပိုင်း၊ တောင်-မြောက်လမ်းဆုံရှိ တောင်ဒဂုံမြို့ မရဲစခန်းနှင့် ၂၅ အားကစားရုံမှ စစ်ဆေးရန်ထွက်လာသော အကြမ်းဖက် စစ်တပ်ကားများကို ချိန်ကိုက်မိုင်းများ အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယခုစစ်ဆင်ရေးကို Operation Flame (OF)၏ ၂၀၂၄ နှစ်အစ ပွဲဦးထွက် စစ်ဆင်ရေး အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲ၊ ရန်ကုန်အတွက်အောင်ပွဲဆီသို တော်လှန်ရေး ညီနောင်ရဲဘော်များအားလုံး နှင့် အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။

“အထိအခိုက် နဲ့ပတ်သက်ပြီး စုံစမ်းနေဆဲပါပဲ” ဟု Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *