မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်ဘက်မှ ပေါက်ကွဲသံများ ဆက်တိုက်ကြားရ ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာနှင့်တောင်ဒဂုံတွင် ဗုံးကွဲသံများ ထွက်ပေါ်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်ဘက်မှ ပေါက်ကွဲသံများ ယနေ့ ညပိုင်း ဆက်တိုက်ကြားရပြီး သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာနှင့်တောင်ဒဂုံတွင် ဗုံးကွဲသံများ ထွက်ပေါ်လာကြောင်း ဒေသပြည်သူများကပြောဆိုသည်။

ဇန်နဝါရီ ၂ ရက်နေ့ ည ၉ နာရီ ၄၇ မိနစ်အချိန် မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်ဘက်က ပေါက်ကွဲသံ ၂ ချက်ဆက်တိုက်ကြားရပြီး အသံအလွန်ကျယ်လောင်ကြောင်း၊ မင်္ဂလာဒုံအနီးမှ နေအိမ်များ အိမ်များ တုန်ခါသည်အထိ ပေါက်ကွဲမှု ပြင်းထန်ကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

“အိမ်တွေပါ တုန်ခါသွားတယ်။ ပေါက်ကွဲသံက နှစ်ချက်ပေမယ့် အချိန်တော့ ခြားတယ်။ ပထမက ည ၉ နာရီ ခွဲမှာ ပေါက်ကွဲသံ တစ်ချက်၊ ဒုတိယကလည်း ည ၉ နာရီ ၄၇ မိနစ်မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ပေါက်ကွဲတယ်။ ရှော့တိုက်ဒုံးလားမသိဘူး” ဟု ဒေသပြည်သူက ရှင်းပြသည်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ ည ၉ နာရီ ၂၈ မိနစ်အချိန်နှင့် ည ၁၀ နာရီအချိန်တွင်လည်းကောင်း၊ ​တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ည ၉ နာရီခွဲအချိန်တွင်လည်းကောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယနေ့ ည ၉ နာရီခွဲအချိန်တွင်လည်း ကောင်း၊ မြောက်ဥက္ကလာပတွင်လည်း ယနေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်တွင်လည်းကောင်း ပေါက်ကွဲသံများ အသီးသီး ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *