ဝိုင်းမော်မြို့နယ်တွင် KIA က ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

ဝိုင်းမော်မြို့နယ်တွင် KIA က ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်ကို အရှင်ဖမ်းမိ၊ တွဲဘက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီးကောင်းစံသိန်း သေ ဆုံး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် KIA က ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသူ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ရဟတ်ယာဉ်မောင်း ဖြစ်သူ ဗိုလ်မှူး ဇော်မျိုးသန့်ကို အရှင်ဖမ်းဆီးရမိကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်တွင် နာဖော့စစ်တပ်စခန်းကို ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချလိုက်ခြင်းဖြစ်ပြီး စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ရဟတ်ယာဉ်မှူး ဖြစ်သူ DSA အမှတ်စဥ် ၄၅ ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့် ကို ဒဏ်ရာနဲ့အတူ အရှင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

” ရဟတ်ယာဥ်ပေါ် ပါလာတဲ့ ၆ ကောင်သေတယ်။ ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့် ကို ဒဏ်ရာနဲ့အတူ အရှင် ဖမ်းဆီးရမိတယ်” ဟု KIA သတင်းရင်းမြစ်ကပြောဆိုသည်။

ရရှိထားသော ဓာတ်ပုံများတွင် ပျက်ကျသော ရဟတ်ယာဉ်မှ တွဲဘက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ကောင်းစံသိန်းမှာ ဒဏ်ရာများနှင့် သေ ဆုံး နေသည်ကို မြင်တွေ့ရသည်။

ယနေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်တွင် စစ်ကောင်စီရဟတ်ယာဉ်ကို ၀ိုင်းမော်မြို့နယ်တွင် KIA တပ်များက ပစ်ချလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top