ပုလဲမြို့ထွေအုပ်ရုံးနှင့် ငါးဇွန်မြို့နယ်၊ ပျဉ်းလှတောရွာကို ရောက်ရှိနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ လွတ်လပ်ရေး အခမ်းအနားပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေ ကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ယနေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ မိနစ် ၃၀ ခန့်က ‌ပုလဲမြို့၊ ထွေအုပ်ရုံးထဲ၌ ၇၆ နှစ်မြောက် သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးနေ့ ကျင်းပရန် ပြင်ဆင်နေစဉ် ဗုံးသီး ၈ လုံးကို Fixed Wing Drone များဖြင့် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ တိုက်ခိုက်နိုင်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် ကားများမြို့တွင်းကင်းလှည့်ပတ်ခဲ့ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ မသိရသေးပါဘူး၊ ခွေးတွေက လွတ်လပ်ရေးအခမ်းအနားလုပ်ဖို့ ပြင်နေ တုန်း ဗုံးကျဲခံရတော့ အခမ်းအနား ပျက်သွားတယ်၊ သူတို့အခမ်းအနားပျက်အောင်လုပ်တယ်ဆိုပြီး ပတ်ကင်း ၃ ဖွဲ့လောက် ထွက်ပြီး လှည့်ပတ်ပစ်နေခဲ့တယ်လို့ သိရပါတယ်” ဟု ဒေါင်းတမန်လေ ကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (3) PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (4) SSTF ၊ Seven People Defense Force-Mandalay ၊ Union Brothers – UB (ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ဒေါနစစ်ကြောင်း၏ ဖိုးမောင်ပြန်လာပြီ ဇာတ်ကား ထောက်ပို့အဖွဲ့၊ Support To Federal Democracy ၊ CONNECT နှင့် ဒေသခံပကဖအဖွဲ့များနှင့် တပ် ရင်း၊ တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွ့ဝင်များ အထိ အ ခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအနေဖြင့် ရရှိသည့် ပစ္စည်းများဖြင့် တိုက်ခိုက်နေပြီး Drone အစီး ရေများများဖြင့် စွမ်းအားပြင်း ယမ်းများကို အသုံးပြုကာ ယခု ထက်ပိုမိုထိရောက်သော မစ်ရှင်များ ဆောင်ရွက်နိုင်ရန် မိဘပြည်သူများမှ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ပျဉ်းလှ‌ တောကျေးရွာရှိ အင်အား ၃၀ ခန့်ရှိသော စစ် ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း နွားထိုးမြို့နယ်သတင်း ထံမှ သိရသည်။

ဇန်နဝါရီလ ၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ငါးဇွန်မြို့နယ်၊ ပျဥ်းလှတောကျေးရွာသို့ ရောက်ရှိ နေသော အင်အား ၃၀ ခန့် ရှိ စစ်ကောင်စီတပ်သားများကို နဂါးနီပြောက်ကြားတပ်ဖွဲ့ (မြင်းခြံ) တပ် ဖွဲ့မှ Fix Wing ဒရုန်းဖြင့် ဗုံးသီး ၃ ကြိမ် ကျဲချတိုက်ခိုက်ရာ လူနာတင်ကား ၂ စီး ရောက်လာကာ ဒဏ် ရာ စစ်ကောင်စီတပ်သားများကို သယ်ဆောင်သွားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *