လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီ ကာကင်းစခန်း (၈)ခုအား KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ရှင်းလင်း၊ စစ်ကောင်စီ တပ်သား (၂၀)ခန့် သေဆုံးဟုဆို

လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီ ကာကင်းစခန်း (၈)ခုအား KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ရှင်းလင်း၊ စစ်ကောင်စီ တပ်သား (၂၀)ခန့် သေဆုံးဟုဆို

ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့အနီးရှိ စစ်ကောင်စီ ကာကင်း စခန်း ၈ ခုအား KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ယနေ့နံနက်တွင် ဝင်ရောက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြား သေဆုံးခဲ့သည်ဟု KNU မှ ထုတ်ပြန်သည်။

ကညွှတ်ကွင်း မြို့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း နှင့် ရထားလမ်း အနီး စစ်ကောင်စီ၏ စခန်းအနီးရှိ လုံခြုံရေးတာဝန် ယူထားသော ကာကင်းစခန်း (၈)ခုနှင့် ရိက္ခာ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် တံတားအား မနက် (၄)နာရီခွဲ ခန့်မှ စတင်ကာ တိုက်ခိုက်ခဲ့ပြီး တစ်နာရီ ကြာ အတွင်း အပြီးရှင်းလင်းနိုင်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

တိုက်ပွဲ ကြာချိန် ၁ နာရီအတွင်း ကာကင်းစခန်း (၈) ခုအဖြစ် (၁)သံလမ်းတံတားကင်း၊ (၂)စာသင်ကျောင်း ကင်း၊ (၃)ဘုန်းကြီးကျောင်းကင်း၊ (၄)နတ်စင်ကင်း၊ (၅)အုတ်ဖိုကင်း၊ (၆)လင်းယောခင်ရွာကင်း၊ (၇)အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကင်း နှင့် (၈)ကညွတ်ကွင်းနှင့် တောကျွဲအင်းကြားရှိ တံတားကင်းစခန်းနှင့် တံတား တို့အား တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီ ဘက်မှ တပ်သားများ သေဆုံးမှုရှိသည် ဟု KNU မှ ဆိုသည်။

စစ်ဆင်ရေး အတွင်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်အတူ ပါဝင်တိုက်ခိုက်သည့် တော်ဝင်ဒေါင်းစစ်ကြောင်း မှလည်း “ရန်ကုန်-မန္တလေး လမ်းဟောင်း ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းငါးခုကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တော်ဝင်ဒေါင်းစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ရန်သူကင်းစခန်းမှ စစ်ကောင်စီတပ်သားအများအပြား ကိုယ်လွတ်ရုံး ထွက်ပြေးကာ ရန်သူ ၂၀ ဦးခန့် သေဆုံးခဲ့ပါသည်။””ဟု ၎င်းတို့၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ၊ နှစ်ဘက်ထိခိုက်မှုများနှင့်ပတ်သတ်၍ တော်ဝင်ဒေါင်း စစ်ကြောင်းသို့ အတည်ပြုမေးမြန်းနိုင်ရန် CJ Platform မှ ကြိုးပမ်းလျက်ရှိပြီး မြေပြင်လိုင်းအခြေအနေ ခက်ခဲမှုများကြောင့် ကြန့်ကြာမှုများ ရှိနေသည်။

KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ များမှ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မူး မြို့နယ် အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ နတ်သံကွင်းမြို့အား ထပ်မံ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နယ်မြေထိန်းချုပ်ရေးအတွက် ယခုကဲ့သို့ ထပ်မံထိုးစစ်ဆင် မှုများ ပြုလုပ်နေခြင်းလည်းဖြစ်သည်။

ကညွတ်ကွင်းတိုက်ပွဲတွင် ပြည်သူ ၁ ဦး သေဆုံးပြီး တံတားတစ်စင်းကျိုးကျသွား

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီး ယနေ့ နံနက်ပိုင်း တိုက်ပွဲတွင် အရပ်သား ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ကညွတ်ကွင်းမြို့နှင့်ကပ်လျက် ၁၄၂ မိုင် သံတား ကျိုးကျသွားကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“ကညွတ်ကွင်းမြို့နဲ့၂မိုင်အကွာ တောင်ဂုံးတဲ့ရွာမှာမနက်၃နာရီလောက်တိုက်ပွဲဖြစ်တယ်။ ပြည်သူတစ်ဦးသေတယ်။ နာမည်က ဒေါ်ရီမြင့်။ တိုက်ပွဲဖြစ်တဲ့အနားက သံတံတားကြီဆိုတဲ့သံတံတားကျိုးသွားတယ်။ ကညွတ်ကွင်းမြို့ဆိုင်းဘုတ်အဝင်ကပ်လျက်ပဲ။တံတားက ရန်ကုန်-မန္တလေး လမ်းဟောင်းမှာရှိတဲ့ ၁၄၂ မိုင်တံတားလို့လည်း ခေါ်တယ်။ ဖြူးမြို့နယ် နဲ့ကျောက်တံခါးမြို့နယ်ကြားက တံ တားပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တော်လှန်ရေးတပ်များက ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်း ၅ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၃ နာရီအချိန် ရန်ကုန်-မန္တလေး လမ်းဟောင်း ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းငါးခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တော်ဝင်ဒေါင်းစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်စခန်းများမှ စစ်သားများ ကိုယ်လွတ်ရုန်း ထွက်ပြေးကာ စစ်သား ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်းကညွတ်ကွင်းတွင် ကျိုးကျသွားသော တံတား။

ကညွတ်ကွင်းမြို့အနီးရှိ စစ်တပ်၏ ကာကင်းစခန်း များ နှင့် စစ်တပ်အတွက် အရေးကြီးသော တံတား ၁ ခုကို KNLA က ဦးဆောင် ချေမှုန်း

ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့အနီးရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်းစခန်း များ နှင့် စစ်တပ် အတွက် အရေးကြီးသော တံတား ၁ ခုကို KNLA က ဦးဆောင် ချေမှုန်းခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီခွဲမှ ၅ နာရီခွဲအထိ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ ရထားလမ်းနှင့် အကြမ်းဖက် စစ်တပ်၏ စခန်းအနီးအနားတွင် လုံခြုံရေးယူထားသော ကာကင်းစခန်း ၈ ခုနှင့် စစ်တပ်အတွက် ရိက္ခာသယ်ယူ ပို့ဆောင်ရေး အရေးကြီးသည့် တံတား ၁ ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ၁ နာရီကြာ အတွင်း တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ကြောင်း သိရသည်။

ကညွတ်ကွင်းမြို့အနီး၊ တောင်ဂုန်းတဲရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်းစခန်း ၈ ခု ဖြစ်သည့် သံလမ်းတံတားကင်း၊ စာသင်ကျောင်းကင်း၊ ဘုန်းကြီးကျောင်းကင်း၊ နတ်စင်ကင်း၊ အုတ်ဖိုကင်း၊ လင်းယောခင်ရွာကင်း၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကင်း နှင့် ကညွတ်ကွင်းနှင့် တောကျွဲအင်းကြားရှိ တံတားကင်းစခန်းနှင့် တံတားကို တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကာအကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုစာရင်းများကို စစ်ဆေးအတည်ပြုနေဆဲ ဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *