မိုးမိတ်မြို့နယ်၊ ဆင်ကင် (ကျန်ကန်) တပ်စခန်းကို TNLA က သိမ်းပိုက်ရရှိပြီး စစ်သားများ ထွက်ပြေး၊ မိုးမိတ်မြို့သိမ်း တိုက်ပွဲ မကြာမီ လာမည်ဟု ဒေသခံများ ပြောဆို

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ကျန်ကန်တပ်စခန်းကို ယနေ့ TNLA က သိမ်း ပိုက် ရရှိကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် မိုးမိတ်မြိုနယ် စစ်ကောင် စီ စကခ-၂၁ နှင့် ခလရ-၂၂၃ အခြေချတပ်စွဲထားသည့် ကျန်ကန်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ ကျန်ကန်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဇန်နဝါရီလ ၃ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၃ ရက်ကြာ ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်းတွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း ၊ ၎င်းတပ်စခန်းအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရှိရသည်။

စစ်ကောင်စီ ဆင်ကင်(ကျန်ကန်)တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင် စီ မိုးမိတ်တပ်စခန်းက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ၁၇ ကြိမ် နှင့် လေကြောင်းတိုက်ခိုက်မှု Jet Fighter ၂ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“မိုးမိတ်ရဲ့ အဓိကဝင်ပေါက် စစ်ကောင်စီ ဆင်ကင်တပ် စခန်းကို တအာင်းတပ်မတော် PSLF/TNLAက ဒီနေ့ သိမ်းပိုက်တယ်။ စစ်ခွေးတွေ ထွက်ပြေးတယ်။ ဆင်ကင်တပ်စခန်းက မန်တုံကနေ ဝင်တဲ့လမ်းပေါ်မှာ ရှိတဲ့ အဓိကနေရာပါ။ မကြာခင် မိုးမိတ်သိမ်းပိုက်ရရှိတော့မယ်လို့ ထင်ပါတယ်” ဟု မိုးမိတ်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

TNLA ကမိုးမိတ်မြို့နယ်မှ ဆင်ကင်(ကျန်ကန်)တပ်စခန်းအားသိမ်းပိုက်

စစ်​ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခနှင့် ခလရ(၂၂၃) အခြေချတပ်စွဲထားသည့် မိုးမိတ်မြို့နယ်မှ ဆင်ကင်(ကျန်ကန်)တပ်စခန်းကို ရှတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ‌တော်(TNLA) က ယနေ့ သတင်းထုတ်ပြန်သည်။

ဆင်ကင်တပ်စခန်းကို ဇန်နဝါရီလ ၃ ရက်နေ့မှ စ၍တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာ ဇန်နဝါရီ ၅ ရက် နံနက် ၅နာရီခွဲ အချိန်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ နှင့် စစ်သုံးဆောင်ပစ္စည်းများ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါစခန်းအား တိုက်ခိုက်နေစဉ် စစ်ကောင်စီက မိုးမိတ်တပ်စခန်းမှ လက်နက်ကြီး ၁၇ကြိမ် နှင့် လေကြောင်းမှ Jet Fighter ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အထက်ပါနေရာများမှာ ဆုတ်ခွာထွက်‌ ပြေးလာသော‌ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့ ဗျူဟာကုန်းသို့လာရောက်ပူးပေါင်းနေကြသည်ဟု မြို့ခံများကပြောသည်။

ဇန်နဝါရီလ ၃ရက်ညက စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ မိုးမိတ်မြို့ပြင် လယ်ကွင်းအတွင်း အုတ်ဖုတ်လုပ်ငန်းတခုအနီး ကျရောက်ပေါက်ကွဲကာ လုပ်သားနှစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

တော်လှန်ရေးအင်အားစုများက မိုးမိတ်မြို့သိမ်းတိုက်ပွဲဆင်နွဲမည်ဟူသော သတင်းများကြောင့် လုံခြုံ ‌ရေးသတိဝိရိယနှင့် နေထိုင်နေကြကြောင်း ဒေသခံများကပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *