ဟိုပန်မြို့ကို UWSA “၀” တပ်ဖွဲ့က ထိန်းချုပ်၊ ညီနောင် မဟာမိတ် ၃ ဖွဲ့လည်း အတူ ရှိနေ

ရှမ်းပြည်နယ်၊ ဟိုပန်မြို့ကို UWSA “၀” တပ်ဖွဲ့က ဝင်ရောက် နေရာယူပြီး ၀ တပ်ဖွဲ့ အလံလွှင့်တင်ပြီး တစ်မြို့လုံးကို ထိန်းချုပ်ကာ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့်အတူ ရှိနေကြောင်း ဟိုပန်မြို့မှ ပြည်သူများက ပြောဆိုကြသည်။

ယနေ့ နံနက်ပိုင်း ရှမ်းပြည်နယ်၊ ဟိုပန်မြို့ရှိ ရဲစခန်းနှင့် ထွေ/အုပ်ရုံး အပါအဝင် စစ်ကောင်စီတပ်စခန်းတချို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ပြီးနောက် UWSA ၀ တပ်ဖွဲ့များ စစ်ကားများဖြင့် ဟိုပန်မြို့တွင်းသို့ ဝင်ရောက်လာကြောင်း ဒေသပြည်သူများကပြောဆိုသည်။

“အခုပဲ ဝင်လာကြတယ်။ ၀ တပ်ဖွဲ့ အလံတွေ ထောင်ထားတယ်။ MNDAA နဲ့ ညီနောင် မဟာမိတ် အဖွဲ့တွေက လမ်းဘေးမှာ လုံခြုံရေး ယူပေးထားတယ်။ တစ်ဖွဲ့တည်းထင်တယ်။ ပစ်ခတ်တာမျိုးမရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက‌ ပြောဆိုသည်။

UWSA “၀” တပ်ဖွဲ့များ ဝင်ရောက်လာပြီးနောက် ဟိုပန် မြို့လယ်ခေါင်တွင် UWSA “၀” တပ်ဖွဲ့၏ အလံတော်ကို လွှင့်ထူလိုက်ပြီး တစ်မြို့လုံးတွင် ၀ တပ်ဖွဲ့ဝင်များ တပ်ဖြန့်နေကြောင်း ဟိုပန်မြို့မှ ပြည်သူများကပြောဆိုသည်။

“မြို့လယ်မှာတော့ UWSA အလံတော် လွှင့်ထူလိုက်ပြီ။ အလံတင်နေပြီ။ တစ်မြို့လုံးကိုလည်း ၀ တပ်ဖွဲ့ တွေ နေရာယူထားတယ်။ ညီနောင် ၃ ဖွဲ့တွေလည်းရှိတယ်။ အားလုံး အေးအေးဆေးဆေးပဲ” ဟု ဟိုပန်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဟိုပန်မြို့လယ်ခေါင်တွင် UWSA ၀ တပ်ဖွဲ့၏ အလံတော်ကို လွှင့်ထူ

ရှမ်းပြည်နယ်၊ ဟိုပန်မြို့ရှိ မြို့လယ်ခေါင်တွင် UWSA ၀ တပ်ဖွဲ့၏ အလံတော်ကို လွှင့်ထူလိုက်ပြီး တစ်မြို့လုံးတွင် ၀ တပ်ဖွဲ့ဝင်များ တပ်ဖြန့်နေကြောင်း ဟိုပန်မြို့မှ ပြည်သူများကပြောဆိုသည်။

“မြို့လယ်မှာတော့ UWSA အလံတော် လွှင့်ထူလိုက်ပြီ။ အလံတင်နေပြီ။ တစ်မြို့လုံးကိုလည်း ၀ တပ်ဖွဲ့ တွေ နေရာယူထားတယ်။ ညီနောင် ၃ ဖွဲ့တွေလည်းရှိတယ်။ အားလုံး အေးအေးဆေးဆေးပဲ” ဟု ဟိုပန်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *