စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်ခဲ့သည့်လောက်ကိုင်ဒေသ

ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦးနှင့် ရဲဘော်အဆင့် (၁၈၉၅) ဦးအလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီဟု ညီနောင်မဟာမိတ်အဖွဲ့ကြေညာ

လောက်ကိုင်မြို့မှ ဒကစ အပါအဝင် ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦး၊ ရဲဘော်အဆင့် (၁၈၉၅) ဦးနှင့် “နမ်ထင်းမိန်ရှန်း” မှ (၂၆၆) ဦး အလင်းဝင်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီးဖြစ်သည့်အတွက် ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့ရသည့် အထဲတွင် မိသားစုဝင် (၁၆၀၁)ဦးရှိကြောင်း၊ MNDAA နှင့် မဟာမိတ်များထံ စစ်ကောင်စီလက်အောက်ခံ နောက်ဆုံးအသုတ်အနေ ဖြင့်လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ (၂၃၈၉) ယောက်အထိရှိခဲ့ပြီဖြစ်ကြောင်း၊ လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ၂၃၈၉ ဦး လက်နက်ချအညံ့ခံပြီးနောက် ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်််််််််ကြောင်း၊ အလင်းဝင်သူများကို သွားလိုသည့်နေရာနှင့် လုံခြုံသည့်နေရာများကို ပို့ဆောင်ထားပြီဖြစ်ကြောင်း၊ အလင်းဝင်လာသည့်သူများကိုလည်း ထပ်မံကြိုဆိုကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top