လောက်ကိုင်ဒကစနှင့် နမ်ထင်းမိန်ရှန်း တောင်ကုန်းစခန်းမှ ပစ္စတိုနှင့် ချေမှုန်းရေးရိုင်ဖယ်လက်နက် ၄၀၀၀ ကျော် သိမ်းဆည်းရရှိပြီး ခဲယမ်း၊ အမြောက်နှင့် လက်နက်ကြီးကျည်များ မရေမတွက်နိုင်အောင် ရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒကစနှင့် နမ်ထင်းမိန်ရှန်း တောင်ကုန်းစခန်းမှ ပစ္စတိုနှင့် ချေမှုန်းရေးရိုင်ဖယ်လက် နက် ၄၀၀၀ ကျော် သိမ်းဆည်းရရှိပြီး ခဲယမ်း၊ အမြောက်နှင့် လက်နက်ကြီးကျည်များ မရေမတွက်နိုင်အောင် ရရှိထားကြောင်း ရှေ့တန်းသတင်းရင်းမြစ်များက ပြောဆိုသည်။

လက်ရှိတွင် စာရင်းများအရ ဒကစ တပ်အတွင်းမှ အရာရှိအရာခံ ၂၂၈ ဦး၊ တပ်သားနှင့် အမှုထမ်း ၁,၈၉၅ ဦး စုစု ပေါင်း တပ်ဖွဲ့ဝင် ၂,၁၂၃ ဦး ၏ လက်နက် ဖြစ်သော ပစ္စတို ၇၉ လက် ၊ ချေမှုန်းရေးရိုင်ဖယ်လက်နက်မျိုးစုံ ၁,၉၆၄ လက်မျိုးစုံ၊ ထို့ပြင် ဒကစအတွင်းရှိ လက်ရုံး တပ်များမှ အရာရှိ ၈၀ ယောက် ၊ တပ်သားနှင့် အမှုထမ်း ၇၅၀ ဦးတို့၏ လက်နက်ဖြစ်သော ပစ္စတို ၂၀ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၇၅၀ လက်၊ စစ်ကူအဖြစ် ရောက်ရှိနေသော တပ်မ ၅၅ မှ အရာရှိ ၉၈ ယောက် ၊ တပ်သားနှင့် အမှုထမ်း ၇၅၂ ယောက်တို့၏ လက်နက်ဖြစ်သော ပစ္စတို ၃၀ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၈၅၀ လက်၊ ထို့ပြင် ဒကစအတွင်းရှိ စကခ ၁၄ မှ အရာရှိ ၂၅ ဦး ၊ တပ်သားနှင့် အမှုထမ်း ၂၃၃ ဦး တို့၏ လက်နက်ဖြစ်သော ပစ္စတို ၁၅ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၂၁၀ လက်၊ တမဟ ၁၆ မှ အရာရှိ ၁၀ ဦး၊ တပ်သားနှင့် အမှုထမ်း ၇၀ ဦးတို့၏ လက်နက်ဖြစ်သော ပစ္စတို ၆ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၇၄ လက်၊ စကခ ၁၂ မှ အရာရှိ ၁၅ ဦး ၊ တပ်သားနှင့် အမှုထမ်း ၉၀ ဦးတို့၏ လက်နက်ဖြစ်သော ၊စ္စတို ၈ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၈၀ လက် စုစုပေါင်း ၄၀၈၆ လက်ကို သိမ်းဆည်းရရှိထားကြောင်း သိရှိရသည်။

အလားတူ လောက်ကိုင်မြို့နယ် နမ်ထင်းမိန်ရှန်း တောင်ကုန်းစခန်းမှ ပစ္စတိုနှင့်ချေမှုန်းရေး ရိုင်ဖယ် ၃၀၀ နီးပါးကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“လက်နက်တွေချည်းပဲ ၄၀၀၀ ကျော်တယ်။ အမြောက်တွေ၊ တင့်နဲ့သံချပ်ကာ ကားတွေ၊ ဟောင်ဝစ်ဇာ၊ အတွဲလိုက်ဒုံးပစ်ကားတွေ လည်း ရထားတယ်ပြောတယ်။ ကျနော်တို့တော့ မမြင်ရသေးဘူး။ ပြန်ဆုတ်ခွာသွားတဲ့ စစ်သားတွေက လက်နက် မသယ်ရဘူး။ လူချည်းပဲ ပြန်လွှတ်တာလို့ သိရတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *