နမ့်ဖက်ကာမှာ KIAက စစ်ကောင်စီ၏လေယာဥ်ကို ထပ်မံပစ်ချဟု သတင်းထွက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မှာလည်း စစ်ကောင်စီ၏ လေယာဥ်တစီးကို ထပ်မံပစ်ချလိုက်ကြောင်း သတင်းများထွက်ပေါ်လာသည်။

ကေအိုင်အေက နမ့်ဖက်ကာမှာ စစ်ကောင်စီ၏ FTC 2000G အမျိုးအစား ဂျက်ဖိုက်တာတိုက်ခိုက်ရေး လေယာဥ်တစီးကို ယနေ့မှာလည်း ထပ်မံပစ်ချလိုက်တယ်လို့ ကေအိုင်အေရှေ့တန်း သတင်းရင်းမြစ်များက ဆိုသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန်ပြုလုပ်နေသည့် နမ့်ဖက်ကာမှာ ယနေ့ နေ့လယ်ပိုင်းလောက်က ကေအိုင်အေတပ်ဖွဲ့ဝင်များက အခုလို ပစ်ချလိုက်တာဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်များက ကနဦး ပြောသည်။

မနေ့ကလို ဂျက်ဖိုက်တာလေယာဥ်ပဲ ဟုတ်တယ်။ ပစ်ချလိုက်တာကလည်း မနေ့ကအဖွဲ့ကပဲ ​ဟုတ်တယ်” ဟု ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ် တဦးက အခုလို ပြောသည်။

ယနေ့ ထပ်မံ လေယာဥ်ပစ်ချလိုက်သည်ဆိုသည့် သတင်းနှင့်ပက်သက်ပြီး မဇ္ဓျိမ၏မြေပြင်သတင်းအဖွဲ့က ကေအိုင်အိုဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်လ်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပေမယ့် တစုံတရာပြန်လည်ဖြေကြားမှတ်ချက်ပေးထားခြင်းတော့မရှိသေးပေ။

ကွတ်ခိုင်မြို့နယ်အတွင်း လက်ရှိအချိန်တွင် ဖုန်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေတာကြောင့် စစ်ပွဲသတင်းများကို တိုက်ရိုက်ဆက်သွယ် မေးမြန်းဖို့ ခက်ခဲနေသေးသည့်အတွက် မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က လေယာဥ်ပစ်ချသည့် သတင်းနောက်ဆက်တွဲကိုလည်း ထပ်မံစုံစမ်းဆက်သွယ်နေဆဲ ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *