အပစ်ရပ်ရေး သဘောတူညီချက်ကို မလိုက်နာခဲ့လျှင် ညီနောင် ၃ ဖွဲ့က မြို့ကြီး များကို သိမ်းပိုက်ပြီး ဖြစ်လိမ့်မည်ဟု ထုတ်ပြန်

စစ်ကောင်စီက အပိုးမကျိုးဘဲ အပစ်ရပ်ရေး သဘောတူညီမှုကို ဆက်လက် ချိုး ဖောက်နေပြီး ညီနောင်မဟာ ၃ ဖွဲ့အနေဖြင့် မြန်မာပြည်သူများ လိုလား သော ဘုံရည်မှန်းချက်အတွက် ပုံမှန် အလုပ်လုပ်နေ

တရုတ်၏ ကြားဝင်စေ့စပ်ပေးထားမှုဖြင့် သဘောတူညီထားသော အပစ် ရပ် ရေး သဘောတူညီချက်ကို မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့အနေ ဖြင့် လိုက် နာခြင်းမရှိဘဲ မြို့သိမ်းတိုက်ပွဲများ ဆက်လက် အကောင်အထည် ဖော် ခဲ့လျှင် မြို့ကြီးများကို သိမ်းပိုက်ပြီးဖြစ်လိမ့်မည်ဟု ညီနောင် ၃ ဖွဲ့က တရား ဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှု ကြောင့် ရရှိခဲ့သော “အပစ်ရပ်ရေး ဟိုင်ဂင် သဘောတူညီမှု ကို စစ်ကောင်စီက အပိုးမကျိုးဘဲ ယခင်ရက်များအတိုင်း လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ ဆက် လက်လုပ်ဆောင်ကာ ချိုးဖောက်နေဆဲဖြစ်ကြောင်း၊ “ဟိုင်ဂင် သဘော တူညီ မှု ရရှိခဲ့သည့်နေ့မှ ယနေ့အချိန်အထိ ညီနောင် ၃ ဖွဲ့က သဘောတူညီခဲ့ သည့် အတိုင်း အပစ်ရပ်ထားမှုကို လိုက်နာနေ၍သာ မလိုလားအပ်သော အခြေ အနေများ ဖြစ်ပေါ် မလာရ ခြင်းဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က ပြောဆိုသည်။

အကယ်၍ ညီနောင်မဟာမိတ် ၃ ဖွဲ့က စိတ်ရှည်သည်းခံခြင်းလည်းမရှိ၊ အပစ် ရပ် ရေး ဟိုင် ဂင် သဘောတူညီချက်များကိုလည်း လိုက်နာခြင်းမရှိဘဲ သွေဖည် နေမည် ဆိုပါ က သတ်မှတ်ထား သည့်အတိုင်း စစ်ဆင်ရေးပစ်မှတ်များနှင့် မြို့ သိမ်း တိုက်ပွဲ များကို အကောင်အထည်ဖော်ထားခဲ့ပြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ဥပမာ (——-) ကဲ့သို့ သော မြို့ ကြီးများမှာလည်း ညီနောင် ၃ ဖွဲ့၏ လက် အောက် သို့ ကျ ရောက် နေခဲ့ လိမ့်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ပြော ဆိုသည်။

အပစ်ရပ်ရေး သဘောတူညီကြောင့် ၁၀၂၇ ၏ စစ်ဆင်ရေးအရှိန်မှာ အနည်းငယ် ရပ်တန့်သွားသည်ဟုထင်ရသော်လည်း မပြောင်းလဲသော ကိန်းသေ အလျှင် နှုန်း ဖြင့် ၁၀၂၇ စစ်ဆင်ရေးသည် ဆက်လက်ရွေ့လျားလျက်ရှိကြောင်း၊ မြန် မာ ပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဘုံရည်မှန်းချက်များအတွက် ညီ နောင် ၃ ဖွဲ့က ပုံမှန်အလုပ်လုပ်လျက်ရှိကြောင်း ထုတ်ပြန်ပြောဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *