စစ်အာဏာသိမ်း ၃ နှစ်ပြည့်တွင် စစ်ဘက်ထိပ်ပိုင်း ဗိုလ်ချုပ်တချို့ နှင့် အရပ် ဘက် ဝန်ကြီးတချို့ အပြောင်းအလဲလုပ်ရန်ရှိဟုဆို

အကြမ်းဖက်စစ်ကောင်စီက လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု ၃ နှစ်ပြည့်သည့်နေ့တွင် စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်း ဗိုလ်ချုပ်တချို့နှင့် အရပ် ဘက် ဝန်ကြီးတချို့ကို အပြောင်းအလဲလုပ်ရန် ရှိနေသည်ဟု သတင်းများ သိရှိရ ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်။

အာဏာသိမ်း ၃ နှစ်ပြည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်း အဝေး ခေါ်ယူ၍ သက်တမ်း ၆ လ ထပ်မံတိုးမြှင့် မည် ဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ် တွင် သန်း ခေါင်စာရင်း ကောက်ယူ ရေး နှင့် ရွေးကောက်ပွဲ ကျင်းပရေးကို အဓိက ဦးတည်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အာ ဏာသိမ်း ၃ နှစ်ပြည့်တွင် ဗိုလ်ချုပ် တချို့ ရာထူးအပြောင်းအလဲလုပ်ရန် ရှိနေပြီး ဝန်ကြီးတချို့လည်း အပြောင်း အလဲလုပ်ရန် ရှိသည်ဟု သတင်းများ သိရှိရကြောင်း စစ်ဘက် သတင်းရင်းမြစ်က ဆိုသည်။

“၃ နှစ်ပြည့်မို့လို့ လူလဲတာမျိုး လုပ်မယ်လို့ သိရပါတယ်။ ဘယ်သူတွေကို လဲပြီး ဘယ်လိုဖြစ်မှာလဲတော့ သေချာမသိရဘူး။ ဗိုလ်ချုပ်ကြီး တချို့ အငြိမ်းစားနဲ့ အရန် အင်အား ထပ်သွားဖို့ရှိတယ်လို့ သိရတယ်။ အရပ်ဘက်ဝန်ကြီး တချို့ လည်း အပြောင်းအလဲလုပ်မယ်လို့ သိရတယ်။ သန်းခေါင်စာရင်းကောက်ဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ဦးတည်လုပ်ဖို့တော့ ပြင်ဆင်နေတာလည်း ရှိနေတယ်။ အဓိကက တပ်ချုပ်က သဘောကျတဲ့လူတချို့ အစိုးရအဖွဲ့ထဲ ထပ်ပါလာဖို့ ရှိနေ တယ်လို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆို သည်။

စစ်အာဏာသိမ်း ၃ နှစ်ပြည့် အပြောင်းအလဲတချို့ရှိသော်လည်း နိုင်ငံရေးအရ ကြီးကြီးမားမား အပြောင်းအလဲ မြင်ရမည်မဟုတ်ဘဲ လူစားလဲ အစားထိုးမှု တချို့သာ ရှိလိမ့် မည်ဖြစ်သည်ဟု နေပြည်တော် စစ်ဘက်သတင်း ရင်းမြစ်က ဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *