ရေးကြိုးတံတားစခန်း တော်လှန်ရေးပူးပေါင်းတပ် တိုက် ခိုက်သိမ်းပိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာအနီး ရေး- သံဖြူရပ်လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ ကြိုးတံတားစခန်းကို ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ဆေးရေးမှာ ပါဝင်တဲ့ တော် လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဝင်ထံက သိရပါတယ်။

စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော် တပ်စွဲနေထိုင်တဲ့ ကြိုးတံတားစခန်းကို ဒီကနေ မနက် ၈ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နာရီဝက်အကြာမှာပဲ စခန်းသိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းပိုက်တိုက်ပွဲအတွင်း စစ်ကောင်စီ၊ BGF တပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီရဲ့ ရေးကြိုးတံတားစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ရေး ကြိုးတံတားစခန်းသိမ်း တိုက်ပွဲကြောင့် ရေး-သံဖြူဇရပ်ကားလမ်း ပိတ်ဆို့မှု ဖြစ်ပေါ်နေပြီး နေ့လည် ၁၂ နာရီအချိန်အထိ လမ်းပြန်မပွင့်သေးဘူးလို့ ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရေး ကြိုးတံတားစခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ် တပ်လော်လီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပူးပေါင်းတပ်ဖွဲ့ဘက်က အင်အား ၂၀၀ နီးပါးနဲ့ ဝင်ရောက်တိုက် ခိုက်ခဲ့တဲ့အတွက် စခန်းကျသွားပြီလို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

စခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းစာရင်းတွေကို မကြာမီ ထုတ်ပြန်ပေးသွားမယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *