ခမရ ၅၈၈ တပ်ရင်းနှင့် ခလရ ၁၀၆ တပ်ရင်း အတွင်းကို ပစ်ခတ်တိုက်ခိုက်မှု (ရုပ်သံ)

ရေးမြို့နယ်ရှိ ခမရ ၅၈၈ တပ်ရင်းနှင့် ခလရ ၁၀၆ တပ်ရင်း အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၂၀ ကျော်သေဆုံး(ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၈ တပ်ရင်းနှင့် ခလရ ၁၀၆ တပ်ရင်းအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၂၀ ကျော် သေဆုံး ခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ရေးမြို့နယ်၊ မော့ကနင်ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲကာ ခရီးသွားပြည်များကို မတရားငွေကြေးကောက်ခံနေသော ရေးကြိုးတံတားစစ်ဆေးရေးဂိတ်ကိုတိုက် ခိုက်သိမ်းပိုက်ပြီးနောက် ခမရ ၅၈၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် ဖိအားပေးခြိမ်းခြောက် ပစ် ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ခမရ ၁၀၆ တပ်ရင်းအတွင်းကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ကျော်မြင့်လွင်သေဆုံးကြောင်း သိရှိရပြီး နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုစာရင်းနှင့် ဒဏ်ရာရရှိသူ များစာရင်းကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇နာရီ ၄၃ မိနစ်ခန့်တွင် ရေးမြို့နယ်၊ မော့ကနင် ကျေးရွာအနီးရှိ အ ကြမ်း ဖက် စစ်တပ်၏ ကြိုးတံတားဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ၆၀ မမ လက်နက်ကြီးပြောင်းရှည် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ MA-1 ၁ လက် ၊ M16 A1 – ၁ လက်၊ AK47 ၁ လက်၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ ပေါက်ကြိုး ၉ ခွေ၊ 5.56 ကျည်ဘောက် ၅ ခု၊ AK ကျည် ဘောက် ၁ ခု၊ MA ကျည်ဘောက် ၆ ခု၊ RPG ဗုံးသီး ၅ လုံး၊ အီနာဂါ ၂ လုံး၊ မီးကျည် ၁ လုံး၊မိုင်းပစ္စည်း များ၊ လက်ပစ်ဗုံး ၁၂ လုံး၊ 380 ကျည် ၅တောင့် ၊ မှတ်ပုံတင် ၅ခု ၊ ဖုန်း ၁လုံး ၊ လက်နက်ငယ်ကျည် အမြှောက်များနှင့် မော်တော် ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျား တပ် (YGF) ၊ ABSDF တပ်ရင်း (၁) ၊ မွန်ပြည်တော်လှန်ရေး အဖွဲ့အစည်း (MSRO) ၊ Ye Defence Force (YDF) နှင့် ရေးသိမ်းငှက်တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *