စစ်ကောင်စီတပ်သားများ အသက်ရှင်ရေး “လည်သလိုကြည့်လုပ်ပါ”ဟု ဒုဗိုလ်မှူးကြီး သက်အောင်ပြော

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာ တိုက်ပွဲတွင် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF နှင့် TNLA တို့က ဖမ်းဆီးရရှိခဲ့သည့် စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်၏ ပြောဆိုချက်ကို MDY PDF က ယနေ့ ဇန်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လုပ်သက် ၂၅ နှစ်ရှိသည့် ဒုတိယဗိုလ်မှူးကြီး သက်အောင်သည် စစ်အင်ဂျင်နီယာတက္ကသိုလ်တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ဒီဇင်ဘာလတွင် သံဘိုစခန်းသို့ စစ်ကြောင်းမှူးအဖြစ် ပြောင်းရွှေတာဝန်ပေးခံခဲ့ရသည်။ ၎င်းအုပ်ချုပ်သည့် စစ်ကြောင်းတွင် ဗိုလ်အတတ်သင်ကျောင်းမှ သင်တန်းသားအများစုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ယင်းအပြင် နွေဦးတော်လှန်ရေးကို ဟန်ချက်ညီညီ လှုပ်ရှားပါက မကြာခင်အောင်မြင်နိုင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

ကျန်ရှိနေသည့် မိသားစုဝင်နှင့် ဆွေမျိုးများကိုလည်း စိတ်မပူကြရန် ပြောဆိုထားသည်။

စစ်ကောင်စီတပ်သားများကိုလည်း မိမိအသက်သည်သာ အရေးကြီးဆုံးအရာဖြစ်သဖြင့် “လည်သလိုကြည့်လုပ်ပါ” ဟု ဒုတိယဗိုလ်မှူးကြီး သက်အောင်က အကြံပေးသည်။

“ပြုံးနေသော” စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး သက်အောင်၏ ပြောဆိုချက်

Leave a Comment