ယူနီဖောင်းဝတ်ပြီး လုယက်မှုကျူးလွန်သူတွေကို စစ်ခုံရုံးတင်ပြီး သေဒဏ်ချမယ်လို့ MNDAAထုတ်ပြန်

ကိုးကန့်တပ်မတော်(MNDAA) ယူနီဖောင်းကို ဝတ်ဆင်ပြီး လုယက်မှု၊ ဓားပြမှုနဲ့ အိမ်တွင်းမှာ ဝင်ရောက်ခိုးယူမှုတွေ ကျူးလွန်ပါက စစ်ခုံရုံးတင်ပြီး သေဒဏ်စီရင်မှုပြုလုပ်မယ်လို့ သိရပါတယ်။

စစ်ခုံရုံးတင်စစ်ဆေးပြီး ပြစ်မှုကျူးလွန်ကြောင်း ခုံရုံးက အတည်ပြုပါက ချက်ချင်းသေဒဏ်စီရင်သွားမယ်လို့ MNDAAက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်သားအနေနဲ့ ပြစ်မှုကျူးလွန်ပါက ပြင်းပြန်းထန်ထန် အရေးယူခံရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တခြားသော ပြစ်မှုတွေကိုလည်း MNDAAရဲ့ တရားစီရင်ရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်လာချိန်မှာ စီရင်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ရက်နေ့မှာ ဒေသကွပ်ကဲမှု စစ်ဆင်ရေးဌာန ချုပ် (ဒကစ-လောက်ကိုင်)က ဗိုလ်မှူးချုပ် ၆ ဦးနဲ့အတူ ထောင်ချီတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ပြီးနောက် ကိုးကန့်ဒေသတစ်ခုလုံးအား သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAAက ကြေညာခဲ့တာ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top