ဒီပဲယင်းမြို့တစ်ဝက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထား

ဒီပဲယင်းမြို့တစ်ဝက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားပြီး စစ် တပ်က တပ်စွဲရာ စခန်းအတွင်းမှ မထွက်တော့ ၊ မြို့ပေါ် ဌာနဆိုင်ရာ ရုံးအား လုံး ကို PDFတပ်များက စိုးမိုးထား

စစ်တပ်၏ ရိက္ခာလမ်းကြောင်းများကိုပါ တော်လှန်ရေးတပ်များက ဖြတ် တောက် ထား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင် စီ တပ်သားများမှာ ၎င်းတို့၏ စခန်းများအတွင်း၌သာ နေထိုင်နေကြရကြောင်း အဖြူရောင်ဒီပဲယင်းပကဖ ခေါင်းဆောင် က ပြောကြားသည်။

ဒီပဲယင်းမြို့ရှိ ရုံးဌာနအားလုံးနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်း ချုပ် ထားပြီး စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများလည်း မရှိတော့ ကြောင်း၊ စစ်ကောင်စီတပ်သားများမှာ ရဲစခန်း ၊ စခန်းတပ်စခန်းများ ၌သာ နေထိုင် ကြရကြောင်း သိရသည်။

“စစ်ခွေးတွေက ရဲစခန်းဝန်းကျင်က ဌာနဆိုင်ရာရုံးကျမှာပေါ့၊ ထွေအုပ်ရုံး နဲ့အထက ကျောင်းထဲမှာပဲရှိ တော့တာ၊ တခြားနေရာတွေ မရှိတော့ဘူး၊ ဂိတ် တွေ လည်းမရှိတော့ဘူး။ ဌာနဆိုင်ရာရုံးတွေမှာလည်း စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းတွေမရှိတော့ဘူး။ မြို့ရဲ့ ၃ ပုံရင် ၂ ပုံလောက်ကတော့ သူတို့မနေ တော့ ဘူး၊ စခန်းထဲမှာပဲ နေတော့တာ၊ စခန်းမှာလည်း ပျူရောပေါင်းမှ ၁၀၀ လောက် ပဲရှိတော့တာ” ဟု အဖြူရောင်ဒီပဲယင်းပကဖ ခေါင်းဆောင် ကပြောကြား သည်။

စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရိက္ခာများ ဖြတ် တောက်ထားပြီး မြို့အဝင်၊ အထွက်စစ်ရေးဂိတ်များကို၊ မြို့တွင်း ဂိတ်များ ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောက်ကျားတိုက်ခိုက်မှုများရှိပြီး ၎င်းတို့စခန်းအနီးဝန်းကျင်များကို တပ်ဆုတ်နေရကြောင်း သိရ သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *