AA+KIA+KPDF ပူးပေါင်းအဖွဲရဲ့ မဘိမ်းမြိုသိမ်းတိုက်ပွဲ ရုပ်/သံ

မဘိမ်းမြို့ ရဲစခန်းနှင့် စစ်တပ်စခန်းကို KIA က တိုက် ခိုက်သိမ်းပိုက်ရရှိ၊ မဘိမ်း မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ရှိ ရဲစခန်းနှင့် စစ် တပ် စခန်းကိုပါ KIA က တိုက်ခိုက်သိမ်းပိုက်ရရှိသဖြင့် မဘိမ်းမြို့ကို တော် လှန် ရေးတပ်များ ကထိန်း ချုပ် လိုက်ပြီဖြစ်ကြောင်း ဒေသပြည်သူ တချို့ နှင့် KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်ပြီး တော်လှန်ရေး တပ်များ က မဘိမ်းမြို့ ကို စတင်တိုက်ခိုက်ကြောင်း၊ မဘိမ်းမြို့မရဲစခန်း ကိုလည်း တော် လှန် ရေးတပ်ဖွဲ့ များက ၀ိုင်းထားပြီး မြို့တွင်းရှိ စစ်ကောင်စီ ကင်းစခန်း တချို့ ကိုလည်း သိမ်းပိုက်ရရှိကြောင်း၊ စစ်ကောင်စီက လေယာဉ် များဖြင့် ဗုံးအလုံး ၃၀ ထက်မနည်း မဘိမ်းမြို့ပေါ်သို့ ကျဲချခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၁ ရက်နေ့ တွင်မူ စစ်တပ်စခန်းကုန်းကို ထပ်မံ ရရှိပြီး မဘိမ်းမြို့ ရဲစခန်းက လက်နက်ချ အညံ့ခံသည်ဟု ကြားသိရကြောင်း ဒေသပြည်သူတချို့က ပြောဆို သည်။

“ရဲစခန်းကတော့လ က်နက်ချ အညံ့ခံသွားပြီလို့ ကြားပါတယ်။ မြို့စောင့် တပ်ကင်း စခန်းကုန်းတွေလည်း ကျသွားပြီ။ မြို့ကိုတော့ သိမ်းပြီလို့တော့ ကြားနေ ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

KIA သတင်းရင်းမြစ်တစ်ခုကမူ မဘိမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်တပ် ဘက်မှ သေဆုံးသူ များပြားကြောင်း၊ စစ်သားအလောင်းများ တွေ့ရှိရ ပြီး နယ်မြေရှင်းလင်းလုပ်နေသည်ဟု သိရှိထားကြောင်း ပြောဆိုသည်။

“မဘိမ်းမြို့ကို သိမ်းတာတော့ စစ်သားအလောင်းတွေ နည်းနည်းများတယ်လို့ သိရတယ်။ မြို့ကိုတော့ ထိန်းချုပ်ထားပြီ။ မြို့သိမ်းတာကတော့ သေချာတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မဘိမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကျဲချမှုကြောင့် ပြည်သူတချို့ သေဆုံးထိခိုက်မှုရှိပြီး တော်လှန်ရေး တပ်များ၏ တိုက်ခိုက်မှု ကြောင့် စစ်တပ်ဘက်မှလည်း အထိနာကြောင်း ဒေသပြည်သူတချို့က ပြောဆို ကြသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ သေတာတွေရှိတယ်။ အခုထက်ထိတော့ မြို့ထဲဘက်ကို အဆက်အသွယ်မရှိသေးပေမယ့် မြို့ဘက်က ပြေးလာတဲ့သူ တွေပြောတာတော့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *